ကြက်သွန်ဖြူက လူမျိုးတော်တော်များများရဲ့ တိုင်းရင်းဆေးတွေမှာ အဓိက ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ဟင်းလျာတွေ အရသာရှိဖို့ နိုင်ငံတော်တော်များများမှာ အသုံးပြုကြပါတယ်။

ကြက်သွန်ဖြူမှာ ဆာလဖာ ကွန်ပေါင်းနဲ့ Phytonutrients ဓာတ်တွေပါဝင်တာကြောင့် ဖျားနာတွေ ပျောက်အောင် ကုတဲ့နေရာမှာ ထည့်သုံးခဲ့ကြဖူးပါတယ်။

ကြက်သွန်ဖြူ တစ်မွှာကို နေ့စဉ်စားရင် အစာခြေစနစ်ကို အားကောင်းစေပြီး အာဟာရတွေကိုလည်း အများကြီး ရရှိနိုင်ပါတယ်။

သွေးလည်ပတ်မှုကို မြှင့်တင်ပေး

ကြက်သွန်ဖြူမှာ ဗီတာမင် B ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် Homocysteine ကို လျော့နည်းစေပါတယ်။ Homocysteine ဓာတ်က သွေးကြောတွေကို ကျဉ်းစေပြီး၊ သွေးကြောတွေပါးလာပြီး ထုံးလာတတ်ပါတယ်။

သဘာ၀ ပိုးသတ်ဆေး (Antibiotic)

ဒုတိယကမ္ဘာစစ်တုန်းက ဆေးဝါးတွေပြတ်လတ်တုန်းကဆိုရင် ကြက်သွန်ဖြူကို ပိုးသတ်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

ကြက်သွန်ဖြူက အစွမ်းထက်တဲ့ သဘာ၀ ပိုးသတ်ဆေးတစ်မျိုးဖြစ်တာကြောင့် နေ့စဉ် ကြက်သွန်ဖြူ ၁ မွှာစားရင်

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေ

တုပ်ကွေး၊ ဖျားနာခြင်းနဲ့ ရောဂါပိုးမွှားဝင်ခြင်းကို ကုသပေး

အနာကို မြန်မြန်ကျက်စေပါတယ်။

အသည်း ကျန်းမာရေးအတွက်လည်း ကောင်းမွန်

ကြက်သွန်ဖြူက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ ကပ်ပါးကောင်းတွေနဲ့ Heavy Metals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဒါ့ကြောင့် အသည်းကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ကြက်သွန်ဖြူမှာ ဗီတာမင် A,B, C ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုပါတယ်။

အသည်းအဆီဖုံးတာကိုလည်း ကာကွယ်ပေးပါတယ်။