တစ်ချို့က ဒူးရင်းသီးရဲ့ အနံ့ စူးစူးကြောင့် မကြိုက်ကြပေမဲ့ တစ်ချို့ကတော့ ဒူးရင်သီးကို အရမ်းကြိုက်ကြပါတယ်။ ဒူးရင်းသီးကို အလွန်အကျွံစားရင်တော့ သွေးတိုးတာ ဇက်ကြောတက်တာမျိုးဖြစ်စေလို့ အလွန်အကျွံတော့ မစားသင့်ပါဘူး။ ဒူးရင်းသီးကြိုက်တဲ့သူတွေအတွက် ဒူးရင်းသီးရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

ခွန်အားတွေရရှိနိုင်တဲ့အသီး

moreenergynow

ဒူးရင်းသီး ၁၀၀ ဂရမ်မှာ နေ့စဉ်လိုအပ်တဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ် ၂၁% ပါဝင်ပါတယ်။ ဒါ့ကြောင့် ခွန်အားတွေကို တိုးတက်စေပါတယ်။

စိတ်ကျရောဂါကို ကာကွယ်ပေးနိုင်တယ်

စိုးရိမ်ပူပန်စရာတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် အလိုလို စိတ်ဓါတ်ကျနေတတ်ပါတယ်။ အဲဒီအတွက် ဒူးရင်းသီးက အကျိုးကျေးဇူးများပါတယ်။ ဒူးရင်းသီးမှာ ဗီတာမင် B6 ကြွယ်ဝစွာပါဝင်လို့ စိတ်ကိုပျော်ရွှင်စေပါတယ်။

သွားနဲ့ အရိုးကျန်းမာရေး

boneup

ဒူးရင်းသီးမှာပါဝင်တဲ့ ကယ်လ်ဆီယမ် ပိုတက်ဆီယမ်နဲ့ ဗီတာမင် B တို့ဟာ သွားနဲ့ အရိုးကို ကျန်းမာစေပါတယ်။

အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေခြင်း

Durian-Fruit-3

ဒူးရင်သီးမှာ ဗီတာမင် C ပါဝင်ပြီး အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပါတယ်။ စိတ်ဖိစီးမှုကို လျှော့ကျစေပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။

သွေးသန့်စေတယ်

ysitqodf5eb9ikh3e4aw

သွေးသန် စေရုံသာမက သွေးနီဥဆဲလ်များကို ထုတ်လုပ်ပေးပြီး၊ သံဓာတ်နှင့် ဖောလစ်အက်ဆစ်ပါဝင်မှု ကြွယ်ဝတဲ့အတွက် သွေးအား နည်းရောဂါကိုလည်း မဖြစ်စေပါဘူး။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါများ

High resolution man drawing chart heartbeat

ဒူးရင်းသီးကိုစားပေးတာဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကင်းဝေးစေပါတယ်။

သွေးဖိအားကျစေတယ်

သွေးဖိအားများတဲ့သူ တွေအတွက် မဟုတ်ဘူးလို့ ထင်ကောင်းထင်ကြမှာပါ။ ဒူးရင်းသီးကို အတော်အသင့်စားတာဟာ သွေးဖိအားကို ထိန်းထားပေးနိုင်ပါတယ်။

ကိုလက်စထရော ပါဝင်မှုကို ထိန်းထားပေးပါတယ်

infosite-cholesterol-fb

ဒူးရင်းသီးမှာ အဆီပါဝင်ပေမဲ့ ကိုလက်စထရောမများစေပါဘူး။ ကျန်းမာရေးအတွက်လည်း မစိုးရိမ်ရပါဘူး။ ဒူးရင်းသီးများများစားရင်တော့ ခါးတုတ်စေပါတယ်။

ဘေးထွက်ဆိုးကျိုးများ

ဒူးရင်းသီးဟာ အရက် ဘီယာနဲ့ လုံးဝမတည့်ပါဘူး။လေပွတာ အစာအကျေတာ အနေရခက်တာမျိုးဖြစ်စေပါတယ်။ အလွန်အကျွံစားမိရင် သေစေနိုင်တယ်လို့ ဆိုပါတယ်။ သကြားဓါတ်အမြောက်အများပါဝင်လို့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ မစားသင့်ပါဘူး။ ဆီးချိုရောဂါသည်တွေ ကတော့ အကန့်အသတ်နဲ့သာ  စားသင့်ပါတယ်။ ကောင်းကျိုးတွေရှိပေမဲ့ အလွန်အကျွံစားသုံးရင် သွေးတိုးတာ အပူကန်တာနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေပါတယ်။

တရုတ်တွေနဲ့ အယူအဆအရ ဒူးရင်းသီးဟာ အအေးစာဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာတို့ကတော့ အတက်စာလို့ ပြောပါတယ်။ ဒူးရင်းသီးစားပြီးရင် မင်းကွတ်သီးကိုစားပေးရပါတယ်။