အမျိုးသမီးတွေကိုယ်ဝန်စရှိပြီဆိုတာနဲ့ အစားအသောက်၊ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှု၊ အသားအရေနဲ့ဆံပင်စသဖြင့် ဟိုဟိုဒီဒီရှောင်ရှားရမယ့် အရာတွေကစုံလို့ကိုပါပဲ။ ဒါပေမယ့်လည်း သင့်စွဲစွဲမြဲမြဲအသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးရှောင်ရှားရမှာတွေကိုရော သိပြီးကြပြီလား။ ဒါကြောင့် မသိသေးသောသူများလည်းသိရအောင်၊ သိပြီးသားလူတွေလည်း ထပ်သိရအောင် ဖော်ပြပေးလိုက်ရပါတယ်။
၁။ အသားအရေဝင်းလက်စေတဲ့ပစ္စည်းများ
ထိုအလှကုန်များတွင် ရင်သွေးငယ်ကိုထိခိုက်စေနိုင်သည့် hydroquinone ဟုခေါ်သော ဓာတုပစ္စည်းတွေပါဝင်လို့ ကိုယ်ဝန်ဆောင်ချိန်အသုံးမပြုဖို့ အကြံပေးချင်ပါတယ်။
၂။ အရွယ်တင်စေသည့်အလှကုန်များ
Retinoids နှင့် Hydroxy အက်စစ်တို့လို ဓာတုပစ္စည်းတွေပါဝင်ပြီး သန္ဓေသားအတွက် အန္တရာယ်အထူးမြင့်မားပါတယ်။ ထိုဓာတုပစ္စည်းတွေကို အများအပြားအသုံးပြုမိလျှင် မီးဖွားမှုပြဿနာတွေကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။
၃။ ဝက်ခြံကင်းအလှကုန်များ
ဝက်ခြံပျောက်ကင်းစေသည့်အလှကုန်များတွင် တက်ထရာစိုင်ကလင်းနှင့်ရက်တီနွိုက်စ်တို့ အများအပြားပါဝင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် အသည်းပျက်စီးမှု၊ သန္ဓေသားသွားဝါညစ်ထေးခြင်းကို ဖြစ်လာစေနိုင်ပါတယ်။
၄။ ဆံကေသာပစ္စည်းများ
ဆံပင်အလှကုန်ပစ္စည်းများတွင်တွေ့ရှိရတဲ့ Formaldehyde နှင့် Diethanolamine တို့သည် ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆံကေသာ အလှကုန်ပစ္စည်းများသည် အခိုးအငွေ့တွေထုတ်လွှတ်ပေးပြီး ရှူရှိုက်မိပါက ကလေးအတွက်အလွန်အန္တရာယ်ရှိနိုင်ပါတယ်။
၅။ အမွှေးအမျှင်ဖယ်ရှားသည့်အလှကုန်များ
Thioglycolic အက်စစ်ပါဝင်သည့် အမွှေးအမျှင်ရှင်းအလှကုန်များကို ကိုယ်ဝန်ဆောင်ချိန်ရှောင်ရှားဖို့ အကြံပေးထားပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အသားအရေက အထိမခံဖြစ်တတ်လို့ ဓာတုပစ္စည်းများအစား ဘလိတ်ဓာတ်တို့ကို အသုံးပြုဖို့အကြံပေးထားပါတယ်။
၆။ ရနံ့ပြင်းရေမွှေးများ
ထိုရေမွှေးများတွင် ရနံ့ပြင်းစေသည့် ဓာတုပစ္စည်းအများအပြားပါဝင်ပြီး အဆိပ်အတောက်ထုတ်လုပ်မှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုနှုန်းကိုလည်း သက်ရောက်မှုရှိနိုင်ပါတယ်။
၇။ လက်သည်းဆိုးဆေးများ
အရောင်အသွေးစုံ လက်သည်းဆိုးဆေးများတွင် Toluene, Formaldehyde နှင့် Phthalates တို့တွေ့ရှိရပြီး ကင်ဆာဖြစ်နိုင်ခြေဟု ယူဆနိုင်ပြီး အဆိပ်အတောက်သုံးခုတွဲလို့လည်း ခေါ်ဝေါ်ပါသေးတယ်။ ဒါကြောင့် မီးဖွားမှုကို အနှောင့်အယှက်တွေဖြစ်စေနိုင်တဲ့ ထိုအလှကုန်များကို ကိုယ်ဝန်ဆောင်စဉ် အသုံးမပြုပါနဲ့နော်…