မျက်နှာတစ်ခြမ်းရွဲ့ခြင်းက အကြောင်းအရင်းတွေအများကြီးကြောင့်ဖြစ်နိုင်ပါတယ်။ မျက်နှာ လေတစ်ခြမ်းဖြတ်တာ၊ အာရုံကြောမှာ ပိတ်ဆို့တာ၊ သွေးလည်ပတ်မှု မကောင်းတာ၊ မတော်တဆမှုတွေကြောင့်လည်းဖြစ်တတ်ပါတယ်။

မျက်နှာတစ်ခြမ်းရွဲ့သွားရင် မျက်လုံးပိတ်မရတာ၊ လှုပ်ရှားမှု ခက်ခဲတာတွေဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ ဆရာဝန်နဲ့တွေ့ပြီး ဆေးကုသမှုခံယူသင့်ပါတယ်။

အဲ့ဒီအပြင် ဒီလို မျက်နှာတစ်ခြမ်းရွဲ့တာကို သက်သာ ပျောက်ကင်းစေမယ့် အခြေခံလေ့ကျင့်ခန်းတချို့ကိုလည်း ဝေမျှချင်ပါတယ်။

ရယ်မောပါ

Source: www.findhomeremedy.com

ဒီလေ့ကျင့်ခန်းက အရမ်းကို အရေးကြီးပါတယ်။ ရယ်မောခြင်းက မျက်နှာရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး သွေးလည်ပတ်မှုကို မြှင့်တင်ပေးတာကြောင့် မျက်နှာ အာရုံကြောတွေအတွက် ကောင်းပါတယ်။ ဒါ့ကြောင့် နေ့တိုင်းလိုလိုမှာ မကြာခဏ ရယ်မောပေးပါ။

ပါးစပ်ကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ပါ

Source: www.findhomeremedy.com

ဒါက အခြေခံ လေ့ကျင့်ခန်းပါ။ ပါးစပ်ကို ဖွင့်လိုက်၊ ပိတ်လိုက် တဖြည်းဖြည်းလုပ်ပေးပါ။

မျက်ခုံးကို ပင့်တင်ပေးပါ

Source: www.findhomeremedy.com

မျက်ခုံးကို ပင့်တင်ပေးတဲ့ လေ့ကျင့်ခန်းက နဖူးနဲ့ မျက်လုံးတစ်ဝိုက်မှာ သွေးလည်ပတ်မှု အားကောင်းစေပါတယ်။ ဒါက အရမ်းအကျိုးရှိတဲ့ လေ့ကျင့်ခန်းပါ။ မျက်ခုံးကို ပင့်လိုက်၊ ချလိုက် ပုံမှန်လုပ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်လောက်ကို ၁၅ မိနစ်နဲ့ မိနစ် ၂၀ လောက်ကြာအောင် လုပ်ပေးပါ။

ခေါင်းကို မော့လိုက်၊ငုံ့လိုက် လုပ်ပေးပါ

Source: www.findhomeremedy.com

ဦးခေါင်းကို ဖြည်းဖြည်းချင်း အပေါ်မော့လိုက်၊ ဖြည်းဖြည်းချင်း အောက်ငုံ့လိုက် လုပ်ပေးပါ။ မျက်နှာတစ်ခြမ်းရွဲ့တာကို သက်သာစေပါတယ်။

လျှာကို လှုပ်ပါ

Source: www.findhomeremedy.com

လျှာလှုပ်တာက အရမ်းကို အကျိုးရှိတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ လျှာကို အရှေ့ထိုးလိုက်၊ အနောက်ဆုတ်လိုက် လုပ်ပါ။ တခါတလေကျရင် လျှာကို အရှေ့ထိုးရက်သား ခဏလောက်ထားပါ။ လျှာကို အနောက်ဆုတ်ရက်သားခဏထားပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက် လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းတွေကို တစ်ရက်ကို ၂ ကြိမ်လောက် အချိန်ရရင် ရသလို လုပ်ပေးပါ။