ဂေါက်ရောဂါ၊ အရိုးအဆစ်ရောင်ရောဂါ၊ လေးဘက်နာရောဂါသမားများအတွက် ငှက်ပျောသီးဟာ ဆေးကောင်းတစ်ခွက်ပါတယ်။ ငှက်ပျောသီးစားပေးခြင်းဖြင့် ရောဂါအခြေအနေပိုမိုသက်သာလာနိုင်တယ်လို့သိရပါတယ်။

ဆရာဝန်၊ သုတေသနပညာရှင်တွေရဲ့ ပြောကြားချက်အရ ပိုတက်စီယမ်၊ ဗီတာမင် ဘီအုပ်စုနဲ့ ခုခံစွမ်းအားမြင့်စေတဲ့ ဗီတာမင်ဓာတ်တွေအားလုံး ရောင်ယမ်းမှုကို ပျောက်ကင်းစေပါတယ်။ ငှက်ပျောသီးဟာ ဈေးပေါပေါနဲ့ အဲ့ဒီ့အာဟာရဓာတ်တွေအားလုံးကို ဖြည့်တင်းပေးပါတယ်။

ငှက်ပျောသီးတွေဟာ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။စမ်းသပ်မှုတစ်ခုအရ အဆစ်အမြစ်ရောင်ရောဂါသည်တွေကို ပိုတက်စီယမ်ဓာတ်မြှင့်တင်ပေးခြင်းအားဖြင့် ဝေဒနာသက်သာလာတယ်လို့ သိရပါတယ်။ထို့အပြင် ပိုတက်စီယမ်ဓာတ်ဟာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖောရက် (Phosphorous)ကို ထိန်းညှိပေးပြီး အရိုကျိုးခြင်း၊အက်ခြင်းကိုလည်းလျော့ကျစေပါတယ်။

ပြောရမယ်ဆိုရင် ငှက်ပျောသီးဟာ ဗီတာမင် B6, Folic Acid နဲ့ ဗီတာမင် စီ လည်းပါဝင်သေးပါတယ်။ အနေတော်အရွယ် ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ် ၁၂ရာခိုင်နှုန်း၊ ဗီတာမင် B6 ၂၂ရာခိုင်နှုန်း နှင့် ဗီတာမင်စီ ၁၇ရာခိုင်နှုန်းပါဝင်ပြီး တစ်နေ့တာအတွက် လိုအပ်တဲ့အာဟာရဓာတ် လုံလောက်စွာပါဝင်ပါတယ်။

ငှက်ပျောသီးစားပေးခြင်းဖြင့် ဝေဒနာများသက်သာပျောက်ကင်းနိုင်ပါစေ။