[Unicode]
ငှက်ပျောသီးအခွံမှာ အမိုင်နိုအက်ဆစ်ဖြစ်တဲ့ Tryptophan ဓာတ်ပါဝင်တာကြောင့် ညအိပ်မပျော်တာကိုကုသပေးနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ရေ ၁ ခွက် (200 ml)
ငှက်ပျောသီး အခွံ
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ရေကို မီးဖိုပေါ်မှာ ဆူအောင် လုပ်ပြီး ဆူလာရင် ငှက်ပျောခွံထည့်ပါ။ မီးအေးအေးနဲ့ ၃ မိနစ်လောက်ထားပြီး ဖယ်လိုက်ပါ။
၁၀မိနစ်ကနေ ၁၅ မိနစ်ကြားအအေးခံပြီး ပျားရည်ထည့်ပါ။ ပြီးရင် သောက်ပါ။ စိတ်ဖိစီးမှုနဲ့ စိတ်မတည်ငြိမ်မှုတွေကို လျော့ချပေးနိုင်ပါတယ်။
ခေါင်းကိုက်
ငှက်ပျောခွံမှာ ပိုတက်ဆီယမ်ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ခေါင်းကိုက်မှုကို ဖြစ်စေတဲ့ ရောင်ရမ်းမှုတွေကို လျော့ချပေးပါတယ်။
သွေးလည်ပတ်မှုကိုကောင်းစေပြီး အောက်စီဂျင် သယ်ဆောင်မှုကို အားကောင်းစေပါတယ်။
ပါဝင်ပစ္စည်းများ
ငှက်ပျောသီးခွံ ၁ ခု
သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဝက်
ရေ ၁ ခွက်
ပြုလုပ်နည်း
ငှက်ပျောသီးခွံကို အိုးတစ်ခုထဲထည့်ပြီး ရေတစ်ခွက်ကို လောင်းထည့်ပါ။ ပွက်ပွက်ဆူအောင်လုပ်ပြီး ၃ မိနစ်လောက်ထားထားပါ။
မီးဖိုပေါ်ကချပြီး သစ်ကြမ်းပိုးခေါက်ကိုထည့်ပါ။ သောက်လို့ရပါပြီ။
[Zawgyi]
ငွက္ေပ်ာသီးအခြံမွာ အမိုင္ႏိုအက္ဆစ္ျဖစ္တဲ့ Tryptophan ဓာတ္ပါ၀င္တာေၾကာင့္ ညအိပ္မေပ်ာ္တာကိုကုသေပးႏိုင္ၿပီး စိတ္ဖိစီးမႈကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။
ပါ၀င္ပစၥည္းမ်ား
ေရ ၁ ခြက္ (200 ml)
ငွက္ေပ်ာသီး အခြံ
ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
ျပဳလုပ္နည္း
ေရကို မီးဖိုေပၚမွာ ဆူေအာင္ လုပ္ၿပီး ဆူလာရင္ ငွက္ေပ်ာခြံထည့္ပါ။ မီးေအးေအးနဲ႔ ၃ မိနစ္ေလာက္ထားၿပီး ဖယ္လိုက္ပါ။
၁၀မိနစ္ကေန ၁၅ မိနစ္ၾကားအေအးခံၿပီး ပ်ားရည္ထည့္ပါ။ ၿပီးရင္ ေသာက္ပါ။ စိတ္ဖိစီးမႈနဲ႔ စိတ္မတည္ၿငိမ္မႈေတြကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။
ေခါင္းကိုက္
ငွက္ေပ်ာခြံမွာ ပိုတက္ဆီယမ္ဓာတ္ေတြၾကြယ္၀စြာပါ၀င္တာေၾကာင့္ ေခါင္းကိုက္မႈကို ျဖစ္ေစတဲ့ ေရာင္ရမ္းမႈေတြကို ေလ်ာ့ခ်ေပးပါတယ္။
ေသြးလည္ပတ္မႈကိုေကာင္းေစၿပီး ေအာက္စီဂ်င္ သယ္ေဆာင္မႈကို အားေကာင္းေစပါတယ္။
ပါ၀င္ပစၥည္းမ်ား
ငွက္ေပ်ာသီးခြံ ၁ ခု
သစ္ၾကမ္းပိုးေခါက္ လက္ဖက္ရည္ဇြန္း တစ္၀က္
ေရ ၁ ခြက္
ျပဳလုပ္နည္း
ငွက္ေပ်ာသီးခြံကို အိုးတစ္ခုထဲထည့္ၿပီး ေရတစ္ခြက္ကို ေလာင္းထည့္ပါ။ ပြက္ပြက္ဆူေအာင္လုပ္ၿပီး ၃ မိနစ္ေလာက္ထားထားပါ။
မီးဖိုေပၚကခ်ၿပီး သစ္ၾကမ္းပိုးေခါက္ကိုထည့္ပါ။ ေသာက္လုိ႔ရပါၿပီ။