ငှက်ပျောဖူးကို စားဖူးကြမှာပါနော်။ အရသာရှိပြီး အာဟာရဓါတ်ကြွယ်ဝပါတယ်။ ငှက်ပျောဖူးကို ကိုယ်ဝန်ဆောင်မိခင်တွေ စားလို့ရသလားလို့ မေးလာရင် ရပါတယ်နော်။ ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ ပါဝင်တဲ့အကျိုးကျေးဇူးတွေကိုပြောရရင်တော့

သွေးအားနည်းရောဂါနဲ့ ဆီးချိုကိုကုသပေးနိုင်တယ်။

Source: Shutterstock

ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးအားနည်းရောဂါနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ဆီးချိုရောဂါကို ငှက်ပျောဖူးစားပေးခြင်းဖြင့် ကြိုပြီး ရှောင်ကျဉ်လို့ရပါတယ်။ ငှက်ပျောဖူးဟာ သွေးတွင်း သကြားဓါတ်ပါဝင်မှုကို လျှော့ချပေးနိုင်သလို အမျှင်ဓါတ်နဲ့ သံဓါတ်မြင့်မားစွာပါဝင်လို့လည်း သွေးအားနည်းရောဂါမဖြစ်ဖို့အတွက် ကြိုတင်ကာကွယ်ပေးနိုင်ပြီး ကုသပေးနိုင်ပါတယ်။

သွေးထွက်များတာကို လျှော့ချပေးပြီး ကိုယ်လက်မအီမသာဖြစ်တာကို လျှော့ချပေးပါတယ်။

Source: pixabay.com

မီးဖွားနေချိန်မှာ သွေးထွက်များတာကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်လို့ စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး ကိုယ်ဝန်စရှိချိန်မှာ ကိုယ်လက်မအီမသာဖြစ်တာ၊ နေထိုင်မကောင်းဖြစ်တာကို သက်သာစေပါတယ်။

ရင်သွေးလေးကို ကျန်းမာစေတယ်။

ရင်သွေးကို ကျန်းမာစေပြီး ရောဂါပိုး ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

နို့ထွက်ကောင်းစေတယ်

Source: Natures Healthbox

ငှက်ပျောဖူးကို စားပေးတာဟာ နို့ထွက်ကောင်းစေပါတယ်။ ဒါ့ကြောင့် ကလေးငယ်ကို ပိုပြီးအဟာရတွေ ပေးစွမ်းနိုင်လို့ ကလေးငယ်ကြီးထွားမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေပါတယ်။