အခုဆိုရင် စတော်ဘယ်ရီသီးပေါ်တဲ့ ရာသီဆိုတော့ စတော်ဘယ်ရီသီးတွေများများ စားလို့ရနေပြီနော်။
ဒါကြောင့် ညစာလည်း ထမင်းလည်း မစားချင်ဘူး၊ ကိုယ်အလေးချိန်လည်း လျော့ချင်သူတွေအတွက် စတော်ဘယ်ရီသီးနဲ့ ငှက်ပျောသီး Salad လေး လုပ်စားရအောင်နော်။
ပါဝင်ပစ္စည်းများ (လူ၃၊ ၄ ယောက်လောက်စားလို့ရတယ်နော်)
ငှက်ပျောသီး ၃ လုံး
စတော်ဘယ်ရီ ၃၄၀ ဂရမ်
Raspberry ၃၄၀ ဂရမ်
သံပုရာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
Maple Syrup စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေအားလုံးကို ဇလုံ၁လုံးထဲထည့်ပြီး သံပုရာရည်နဲ့ Maple Syrupတို့နဲ့ နယ်ပါ။ ပြီးရင် စားလို့ရပါပြီနော်။