သံပုယိုရည်ကို မှုန့်ဖုတ်ဆိုဒါ (Baking Soda) နဲ့ ရောပြီးစားပေးတာဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိနေပါတယ်။ အခုလို သံပုယိုရည်ထဲမှာ မှုန့်ဖုတ်ဆိုဒါထည့်ပြီးသောက်ပေးရင် ကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကိုလည်းလျှော့ကျစေပြီး အားရှိစေပါတယ်။ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ ၊ စပျစ်သီးစတဲ့အသီးတွေလိုပဲ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝလို့ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

အခုလို သံပုယိုရည်ထဲကို မှုန့်ဖုတ်ဆိုဒါထည့်ပြီး သောက်ပေးရင် ရလာမယ့်အကျိုးကျေးဇူးတွေကို မျှဝေပေးပါမယ်။

၁။ Alkalize

သံပုယိုရည်ထဲကို မှုန့်ဖုတ်ဆိုဒါထည့်သောက်ပေးရင် Alkalize ဓာတ်ရရှိစေပါတယ်။ ဒါ့ကြောင့် ခန္တာကိုယ်အတွင်းက PH ပါဝင်မှုကို မျှတစေကာ အဆိပ်အတောက်တွေ အက်ဆစ်ဓါတ်တွေကို ဖယ်ရှားပေးပြီး ကျောက်ကပ်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အဆီတွေကိုလည်း လောင်ကျွမ်းစေပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးလို့ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ဗီတာမင် B နဲ့ Cပါဝင်လို့ ဘက်တီးရီးယားတွေကို သန့်စင် ကာကွယ်ပေးတဲ့အပြင် ကျောက်ကပ်ကျောက်တည်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၂။ အစာချေစနစ်

သံပုယိုသီးမှာ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အဟာရဓါတ်တွေပါဝင်ပါတယ်။ မှုန့်ဖုတ်ဆိုဒါထည့်သောက်ပေးမယ်ဆိုရင်တော့ အစာအိမ် လေချဉ်တက်တာမျိုး ဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ပါတယ်။

၃။ အသည်းကိုသန့်စင်ပေးခြင်း။

အခုလို သံပုယိုရည်နဲ့ မှုန့်ဖုတ်ဆိုဒါထည့်သောက်ပေးရင်ဗီတာမင် C၊ ပိုတက်ဆီယမ် နဲ့ Antioxidant ပါဝင်လို့ အသည်းကိုသန့်စင်ပေးနိုင်ပါတယ်။

ဘယ်လိုသောက်မလဲ

လွယ်ပါတယ်။ ခွက်တစ်လုံးထဲကို ရေသိပ်လည်းမအေး သိပ်လည်းမပူတာကို ထည့်လိုက်ပါ။ ပြီးရင် မှုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ထည့်ကာ မနက်ပိုင်းမှာသောက်ပေးပါ။

အစာမစေားခင်သောက်ပေးသင့်ပါတယ်။ အစာစားပြီးရင် မသောက်ပါနဲ့နော်။ အခုပြောတဲ့ သံပုယိုရည်နဲ့ မှုန့်ဖုတ်ဆိုဒါကို ၂ ဆက်တိုက်သောက်ပေးပြီး ၂ ပတ်နားပေးပါ။

သတိပြုရန် – အစာအိမ်ရောင်နေတဲ့သူတွေ မသောက်ရပါ။ ဆိုဒီယမ်ပါဝင်လို့ သွေးဖိအားများတဲ့သူတွေ (သို့) နှလုံးရောဂါရှိတဲ့သူတွေလည်း မသောက်ပါနဲ့။