လူတစ်ယောက်ရဲ့တစ်နေ့တာပြီးဆုံးသွားတဲ့အချိန်မှာ အနားယူဖို့အတွက်၊ နောက်တစ်နေ့ကိုအင်အားအပြည့်နဲ့ ပြန်ပြီးတော့ဖြတ်သန်းနိုင်ဖို့အတွက် ညဘက်တွေမှာအိပ်ပေးကြရပါတယ်။ လူတစ်ယောက်ရဲ့ ပုံမှန်အိပ်ချိန်က ၇ နာရီရှိနေသင့်ပြီး ၇ နာရီထက်နည်းနေမယ်ဆိုရင်လည်း ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

ဒီလိုပဲ ရှိသင့်တဲ့အိပ်ချိန်ထက် ပိုပြီးတော့အိပ်နေတဲ့သူတွေရဲ့ ခန္ဓာကိုယ်မှာလည်း ထိခိုက်မှုတွေရှိနေပါတယ်။ ဒါကြောင့် ပျင်းတယ်ဆိုတဲ့ အကြောင်းပြချက်တဲ့ အိပ်ပဲအိပ်ဖို့စဉ်းစားနေတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်လာစေနိုင်ပါတယ်

အချိန်ကြာကြာအိပ်တဲ့အခါမှာတော့ သင့်ရဲ့နှလုံးမှာကျန်းမာရေးထိခိုက်မှုတွေကို ခံစားရမှာပဲဖြစ်ပါတယ်။ အမေရိကားမှာတော့ အချိန်ကြာကြာအိပ်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပြီး သေဆုံးသွားတဲ့သူတွေလည်း ရှိခဲ့တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ အချိန်ကြာကြာအိပ်တဲ့အခါမှာတော့ နှလုံးသွေးကြောတွေကို ကျဉ်းလာစေပြီး သေဆုံးမှုတွေထိအောင်ဖြစ်နိုင်ပါတယ်။

အဝလွန်ရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်

အိပ်တဲ့အချိန်များလာတဲ့အခါမှာ အဝလွန်တဲ့ရောဂါတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။ လေ့လာစမ်းသပ်ချက်တွေအရဆိုရင်တော့ အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ပုံမှန်အိပ်ချိန်ထက်ပိုပြီး အိပ်နေပြီဆိုရင် အဝလွန်ရောဂါဖြစ်နိုင်ချေတွေများနေတာကို တွေ့မြင်လာရပါတယ်။

စိတ်ကျရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်

အိပ်မပျော်တာတွေများတဲ့အခါမှာလည်း စိတ်ကျရောဂါတွေဖြစ်နိုင်သလို အိပ်ပျော်တဲ့အချိန်တွေ လိုတာထက်များလာပြီဆိုရင်လည်း စိတ်ကျရောဂါတွေကို ဖြစ်လာစေနိုင်ပါတယ်။ အိပ်တာတွေများလာတဲ့အခါမှာ ဦးနှောက်ကပုံမှန်တိုင်း ကောင်းစွာအလုပ်မလုပ်တာကြောင့် နိုးလားတဲ့အချိန်တွေမှာလည်း စိတ်မတည်ငြိမ်တာတွေ၊ စိတ်ကျရောဂါတွေကိုဖြစ်လာစေနိုင်ပါတယ်။