လူတွေထဲက ၂၅% ဟာအနည်းနဲ့အများခံတွင်းနံ့ မကောင်းကြပါ။ ခံတွင်းနံ့ မကောင်းတာကိုဆေးစာနဲ့ Halitosis ခေါ်တယ်။ သွား-ခံတွင်းရောဂါနဲ့ တခြားကျန်းမာရေးအခြေအနေတွေကနေ ဖြစ်စေတယ်။ အစားအသောက်ကြောင့်လည်း ဖြစ်စေတယ်။ ၈၅-ဝဝ% ဟာခံတွင်းနဲ့ ဆိုင်တယ်။ အသားငါးစားတာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ဆေးငုံတာတွေကြောင့် အနံ့ မကောင်းစေဘူး။ လူဝလို့လည်း ဖြစ်တတ်တယ်။

အစားအစာတွေကိုပါးစပ်ကနေစားသောက်လိုက်ပြီးရင် ကျေချက်ပြီးနောက် သွေးထဲရောက်မယ်။ နောက်မှာ အဆုပ်ကို ရောက်ရာကနေအသက်ရှူထုတ်တော့ ဆိုင်ရာအနံ့ထွက်စေတယ်။ ပါးစပ်ထဲမှာအစားအစာတွေ ကပ်သတ် ကျန်နေရင် ဗက်တီးရီးယားတွေ ပေါက်ဖွါးစေမယ်။

သူတို့ထဲမှာအနံ့ ဆိုးစေတာမျိုးတွေ ရှိတယ်။ ဗက်တီးရီးယားတွေကနေ အဆိပ်လို ဖြစ်လာစေနိုင်တယ်။ ဆေးမကုရင် သွားဖုံးရောမေးရိုးပါ ရောဂါရစေနိုင်တယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားရင် Brushing and flossing ပါးစပ်ဆေး၊ သွားတိုက်တာတောင်မှ ခဏတာအနံ့ ဖုံးပေးတာလောက်သာတတ်နိုင်တယ်။ သွားတုတပ်တာနေရာမကျရင်၊ ရိစ် ခေါ် မှိုရောဂါရရင်၊ သွားပိုးစားရင်လည်း အနံ့မကောင်းတာ ဖြစ်စေနိုင်တယ်။ ပါးစပ်ခြောက်နေတာဖြစ်လို့လဲ ဖြစ်နိုင်သေးတယ်။

တံတွေးဟာပါးစပ်ကိုသန့်ရှင်းပေးတယ်။ အက်စစ်ဓါတ်ကိုဖြေပေးတယ်။ သေသွားတဲ့ ဆဲလ်တွေကိုလဲရှင်းပေးတယ်။ တံတွေးနည်း-ခြောက်နေရင် အဲလိုကောင်းကျိုးတွေ မဖြစ်စေတော့ဘဲပုပ်နံ့ထွက်လာစေတယ်။ ပါးစပ်ခြောက်နေတာက ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။

တံတွေးထွက်အိတ်တွေ ရောဂါရနေလို့လဲ ဖြစ်စေတယ်။ နူမိုးနီးယား၊ လေပြွန်ရောင်၊ နာတာရှည် ဆိုင်းနပ်စ်ရောဂါ၊ တာရှည်နှာရည်ယိုတာ၊ ဆီးချို၊ အက်စစ်ရည် အထက်ဆန်ရောဂါ၊ အသဲရောဂါနဲ့ ကျောက်ကပ်ရောဂါတွေကြောင့် အာခေါင်ခြောက် နေနိုင်တယ်။

(၁) လျှာ

လျှာကိုညစ်ထေးနေတဲ့ ကော်ဇောလိုမဖြစ်ပါစေနဲ့လို့ တင်စားပြောကြတယ်။ ဘာလို့လဲဆိုတော့ ခံတွင်းနံ့ မကောင်းတာကို လျှာကြောင့်ဖြစ်ရတာ ၈ဝ-၉ဝ% ရှိတယ်။ လျှာမှာနေတဲ့ ဗက်တီးရီးယားတွေကနေ Malodorous compounds နဲ့ Fatty acids တွေ ဖြစ်လာစေတယ်။

လူတိုင်းမှာရှိနေတဲ့ အဲလိုပိုးတွေက လျှာရဲ့ နောက်ပိုင်းမှာနေကြလို့ သန့်ရှင်းရေးလုပ်တာ မထိရောက်စေဘူး။ နှာရည်ယိုနေတာ၊ အာခေါင် ခြောက်နေတာတွေကြောင့် ပိုဆိုးစေတယ်။ Anaerobic bacteria အမျိုးအစားပိုးတွေကပိုဆိုးစေတယ်။ ကြာတော့ Putrescent smell of indole, Skatole, Polyamines အနံ့တွေ ဒါမှမဟုတ် Rotten egg ဥပုပ်တဲ့အနံ့မျိုးထွက်မယ်။

Volatile sulfur compounds (VSCs) အနံ့မျိုးဖြစ်တယ်။ Hydrogen sulfide, Methyl mercaptan, Allyl methyl sulfide နဲ့ Dimethyl sulfide တွေကိုဆိုလိုတာဖြစ်တယ်။ ဒီလိုကြောင့် ဖြစ်သူတွေက Mints, Mouth sprays, Mouthwash တွေ သုံးနိုင်တယ်။ ဒါတွေကနေ အနံ့ဆိုကို ဖုံးပေးတာသာ ဖြစ်တယ်။ လျှာသန့်ရှင်းရေးက ပိုအရေးကြီးတယ်။

(၂) ပါးစပ်

ပါးစပ်ထဲမှာဗက်တီးရီးယားအမျိုးအစားပေါင်း ၆ဝဝ ကျော်ရှိတယ်။ အဒီထဲကတချို့တွေကအနံ့ဆိုးထွက်စေအောင် လုပ်နိုင်တယ်။ သူတို့ကနေ ပရိုတင်းတွေကိုချေဖျက်ပြီး အမိုင်နိုအက်စစ်တွေ ထွက်လာမယ်။ ဆက်ပြီး Hydrogen sulfide နဲ့ Methyl mercaptanတွေ ဖြစ်တဲ့ အနံ့ဆိုးဓါတ်ငွေ့တွေ ဖြစ်စေမယ်။

(၃) သွားဖုံး

သွားဖုံးရောဂါတွေကြောင့်လဲ ဖြစ်တယ်ဆိုတာကိုအားလုံးကတော့ လက်မခံပါ။

(၄) နှာခေါင်း

ဒုတိယလိုက်တယ်။ Sinus ဆိုင်းနပ်စ်ရောဂါ ထိပ်ခပ်နာနဲ့ ပြင်ပ-ပစ္စည်း ဝင်နေတာတွေကနေ ဖြစ်စေမယ်။

(၅) အာသီး

အာသီးရောဂါကနေ ဆဲလ်တွေပျက်စီး-သေဆုံးတာတွေကြောင့် အနံ့ဆိုးထွက်နိုင်တယ်။ ၃-၅% မှာဖြစ်တယ်။

(၆) အစာမြိုပြွန်

အစာမြိုပြွန်မှာ Hiatal Hernia နဲ့ GERD ရောဂါရနေရင်ဖြစ်မယ်။ Zenker’s diverticulum ရောဂါ ကနေလဲ ဖြစ်တယ်။

(၇) အစာအိမ်

အစာအိမ်ကြောင့် သိပ်မဖြစ်စေတတ်ပါ။ လေချင်တက်တာတော့ ဖြစ်မယ်။

(၈) တခြားရောဂါတွေ

Fetor hepaticusရောဂါ၊ အသက်ရှူလမ်းအောက်ပိုင်းရောဂါတွေ၊ ကျောက်ကပ်ရောဂါတွေ၊ ကင်ဆာ၊ ဆီးချိုရောဂါ နဲ့ Metabolic dysfunction ရောဂါ၊ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ အစာမြိုပြွန်ကင်ဆာတွေ ဖြစ်တယ်။

ဘယ်လိုကုသမလဲ

ခံတွင်းသန့်ရှင်းပါ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တနေ့ ၂ ကြိမ် သွားတိုက်ပါ။ အစာစားပြီးရင်လဲသွားတိုက်ပါ။ သွားပွတ်တံကို ၂-၃ လ တခါ အသစ်လဲပါ။ Floss ဒါမှမဟုတ် Interdental cleaner သွားကြားသန့်ရှင်းနည်းတနေ့တခါ လုပ်ပါ။

သွားအတုကိုညအချိန် ဖြုတ်ထားပြီးသန့်ရှင်းပေးပါ။ သွားဆရာဝန်နဲ့ ပုံမှန် တနှစ် နှစ်ခါ စစ်ဆေးကုသပါ။ ရေများများသောက်ပါ။ Chewing gum ငုံပါ။ ဖြစ်နိုင်ရင် သကြားမပါတာကိုငုံပါ။ Sucking on candy စုပ်ရတဲ့ အစားအစာမျိုးကနေသွားရည် ပိုထွက်စေတယ်။ သကြားမပါရင် ပိုကောင်းတယ်။

ကြော်ညာပြီးရောင်းနေတဲ့ Mouthwashes ပါးစပ်ဆေးဆေးရည်တွေကိုသတိပြုသုံးပါ။ ခဏလောက်သာ အနံ့ဆိုးကို ဖုံးပေးမယ်။ Astring-O-Sol, Colgate, Dentyl pH, Listerine, Oral-B, Sarakan, Scope နဲ့ Tantumverde တွေ ဖြစ်တယ်။ Oral-B ကို ၂၀၀၉ ကတည်းကရောင်းခွင့်ပိတ်လိုက်ပြီ။

Antiseptic mouth-rinse တွေကပိုးတွေသေစေမယ်။ 3G Mouthwash, All-Fresh, Alna Biotech, Am Pm Mouthwash, Ampm Mouthwash, Angelica Mouthwash, Antiplaque Mouthwash, Antiseptic & Antiplaque Mouthwash, Chlorex Mouthwash, ChlorhexadineGluconate Mouth Wash, Chlorhexidine Mouthwash, C-Nate–ChlorhexidineGluconate, Dysinc Mouthwash, FRESHO Mouthwash, Gumdent Mouthwash, Herbal Mouthwash, Listerine Liquid Mouthwash, Mouthwash (AMPM), Nirmal Mouth Wash, Oral care Flavours and Fragrances, Oraline Mouthwash (Chlorhexidine Mouthwash) နဲ့ Speedent Mouth Wash တွေ ဖြစ်တယ်။

လျှာကိုညင်ညင်သာသာတနေ့ ၂ ခါ သန့်ရှင်းပါ။ လျှာပေါ်က ဗက်တီးရီးယား၊ အစာအကြွင်းအကျံတွေ နဲ့ Mucus အကျိအချွဲတွေကို Tooth brush, Tongue cleaner, Tongue brush/scraper စတဲ့ လျှာဆေးကရိယာသုံးပါ။ ဇွန်းနဲ့လဲလုပ်လို့ ရပါတယ်။ လျှာကိုမခိုက်မိပါစေနဲ့။

လျှာနောက်နားမှာ V-shaped ပုံရှိနေတဲ့ Taste buds အရသာခံအသီး-အဖုလေးတွေကိုမထိခိုက်စေပါနဲ့။ တခုခုစားပြီးတိုင်းပါးစပ် ပလုပ်ကျင်းပါ။ Streptococcus salivarius K12 ဆေး သုံးနိုင်တယ်။ Antibacterial mouthrinses က အကျိုးရှိစေတယ်။ ဗက်တီးရီးယားတွေကိုနိုင်တဲ့ Cetylpyridinium chloride, Chlorhexidine, Zinc gluconate, Essential oils, နဲ့ Chlorine dioxide တွေကိုသုံးတယ်။

တချို့က Odor eliminators အနံ့ကိုနိုင်တဲ့ Oxidizers တွေကိုလဲသုံးတယ်။

အိမ်သုံးဆေးနည်းတွေ

ကွမ်းသီးအစို၊ ကွမ်းရွက်နဲ့ ကွမ်းသီးအခြောက်တွေကိုဝါးခိုင်းတယ်။ တချို့က ဒီလိုလုပ်တာ သိပ်ကြာရင် ကင်ဆာ ဖြစ်စေမလား စိုးရိမ်တယ်။ သံပုရာ-ရှောက်သီး၊ လေးညှင်း၊ ဖါလာစေ့၊ စမုန်စပါး၊ ပန်းသီး၊ သွပ်ဓါတ်ပါတဲ့ အစားအစာတွေ၊ ရေနွေးကြမ်း၊ ဆိုဒါ၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် တွေကိုသုံးနိုင်တယ်။

သွားခံတွင်းကောင်းနေပေမဲ့ အနံ့မကောင်းသေးရင် တခြားကျန်းမာရေးစစ်ဆေးရမယ်။ နာတာရှည် ပါးစပ်နဲ့ မကောင်းသူတွေကို ကုရတာခက်တယ်။ တာရှည်ဖြစ်နေရင် သွားဖုံးရောဂါကို ဆက်ဖြစ်စေနိုင်တယ်။ သွားအပေါ်ဖုံအလွှာ ဖြစ်လာရင် အဲလိုရောဂါ ဖြစ်စေတယ်။ Mouthwashes သုံးပြီး နာတာရှည် ခံတွင်းနံ့ ဆိုးနေတာကိုကောင်းစေတယ်လို့ သုတေသနက သက်သေမပြနိုင်ပါ။

ကိုယ့်ခံတွင်းနံ့ကို သိပ်ကောင်းစေချင်လို့ ဆေးလာကုသူတွေထဲက ကဲသူတွေကို Halitophobia ဆိုတာ Delusion halitosis လို့ ခေါ်တယ်။ အလိုလို ကြာညိုနံ့ သင်းချင်နေသူကိုပြောတာပါ။

Bad mouth ဆိုတာအာဖရိကကလာတဲ့ ကျိန်စာသဘော ဖြစ်ပြီးဒီခေတ်မှာ သူများအပြစ်တင်တာကို ပြောတာဖြစ်တယ်။ ဗမာတွေကတော့ ခံတွင်းနံ့ ကောင်းချင်ရင် မုသားမပြောပါနဲ့တဲ့။