MyFood Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်အားလုံးပဲ မင်္ဂလာပါနော်။

သူလိုကိုယ်လို နှစ်နှစ်ခြိုက်ခြိုက်စားသုံးနေကြတဲ့ ငါးကင်တွေမှာ Vibrio လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးတွေ့တဲ့သတင်းအစုံ မီဒီယာတွေမှာ မကြာသေးခင်ကမှ တက်လာတာကိုတွေ့ကြမှာပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သုတေသနဌာနကဆောင်ရွက်တဲ့ လေ့လာမှုမှာ ရန်ကုန်မြို့တွင်းမြို့နယ် ခုနစ်မြို့နယ်က ငါးကင်ဆိုင်တွေမှ ငါးကင်နမူနာတွေကိုယူပြီး ဓာတ်ခွဲစမ်းသပ် ကြည့်တော့ ၃၀% လောက်က ဝမ်းကိုက်ရောဂါဖြစ်စေတဲ့ Vibrio ဘက်တီးရီးယားပိုးတွေရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကိုမသိလိုက်ခင်တုန်းက ငါးကင်ကို အားရပါးရစားခဲ့ကြသူတွေလည်း အများကြီးဖြစ်နေမှာပါ။

လူတွေအသက်ရှင်နေထိုင်ဖို့ စားသောက်နေကြတဲ့ အစားအစာတွေမှာ ဘေးဥပါဒ်ဖြစ်နေစေနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် အမျိုးမျိုးနဲ့ ထိုအစားအစာတွေ အဆင့်ဆင့်ထုတ်လုပ်၊ သယ်ပိုး၊ ချက်ပြုတ်ခဲ့စဉ်က ပါလာတဲ့ အညစ်အကြေး အမျိုးမျိုးတို့ရှိနေတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဟင်းသီးဟင်းရွက်တွေမှာ အတွေ့များတတ်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်အချို့အကြောင်းကို မျှဝေပေးချင်ပါတယ်။

E-Coli ဆိုတာဟာ အတွေ့များလွန်းတဲ့ ဘက်တီးရီးယားအုပ်စုကြီးဖြစ်ပြီး မျိုးကွဲပေါင်းစုံရှိပါတယ်။ ထိုအထဲမှအချို့ဟာ အန္တရာယ်ကြီးကြီးမားမားပေးတတ်ပြီး အဓိကအားဖြင့် ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်းကိုက်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ အဆုတ်ရောင်၊ ဖျားနာခြင်း အမျိုးမျိုးကို ဖြစ်လာစေနိုင်ပါတယ်။

အဓိကအတွေ့များတဲ့ အစားအစာတွေကတော့ ကြိတ်ထားတဲ့အသားတွေ၊ ပိုးမသတ်ထားတဲ့နွားနို့၊ မသန့်ရှင်းတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ ပါဝင်တတ်ပါတယ်။ သတိထားရမှာကတော့ မိမိအိမ်ရှိမီးဖိုချောင်ထဲက ဓား၊ စဥ့်တီတုံးစတာတွေကို အသားစိမ်းတွေနဲ့ ထိတွေ့ပြီး သန့်စင်အောင်ဆေးကြောခြင်းမရှိဘဲ ဟင်းသီးဟင်းရွက်တွေအတွက် ရောနှောသုံးစွဲမယ်ဆိုရင်လည်း E-Coli ဘက်တီးရီးယား ကူးစက်ခံရနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ Salmonella လို့ခေါ်ပါတယ်။ သူလည်းပဲ အတွေ့များတတ်တဲ့ ပိုးတစ်မျိုးဖြစ်ပြီး ကြက်သား၊ ခရမ်းချဉ်သီး၊ မြေပဲ၊ ဆော့စ်များ၊ ဆလပ်အမျိုးမျိုးတွေမှာ တွေ့ရလေ့ရှိပါတယ်။ ခြံမွေးတိရစ္ဆာန်တွေကနေ အဓိကအားဖြင့် စတင်ကူးစက်တာဖြစ်ပြီး မသန့်ရှင်းတဲ့ကိုင်တွယ်မှုတို့ကြောင့် ဟင်းသီးဟင်းရွက်နဲ့ အခြားအစားအစာတွေကိုပါ ကူးစက်တာဖြစ်ပါတယ်။ အဓိကလက္ခဏာတွေကတော့ ဗိုက်အောင့်ဗိုက်နာ၊ ဝမ်းကိုက်ရောဂါ နဲ့ ဖျားနာတာတွေဖြစ်တတ်ပြီး ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နေထိုင်မကောင်းဖြစ်တတ်တဲ့သူတွေမှာ ပိုပြီး ဝေဒနာပြင်းထန်တတ်ပါတယ်။

ဒါကြောင့် မိမိအပါအ၀င် ကိုယ့်ရဲ့မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို ဘေးအန္တရာယ်ဖြစ်လာစေနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာ အထူးဂရုတစိုက်နဲ့ သတိထားပြီးချက်ပြုတ်ဖို့ တိုက်တွန်းပေးလိုက်ချင်ပါတယ်။



ဒါ့အပြင် Veggie Wash လို့ခေါ်တဲ့ အဆိပ်လွတ်ဓာတုသန့်စင်ဆေးမှုန့်က ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေ၊ အညစ်အကြေးတွေကို ထိထိရောက်ရောက် သန့်စင်ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုးကျွန်းအနီးတ၀ိုက်က ကမာခွံတွေကနေ သဘာဝအတိုင်းထုတ်လုပ်ထားကာ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန၊ သုတေသနနဲ့ တီထွင်ဆန်းသစ်မှုဓာတ်ခွဲခန်းတို့ရဲ့ ခွင့်ပြုချက်တွေနဲ့ တရားဝင်တင်သွင်းရောင်းချခြင်းဖြစ်လို့  မိသားစုကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Veggie Wash အမှတ်တံဆိပ်လေးကို MyFood Myanmar မှာလည်း ရောင်းချပေးနေလို့  Msg box မှ ဆက်သွယ်နိုင်သလို ဖုန်းနံပါတ် 09445339231 သို့  ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းကိုလည်း သတင်းကောင်းပါးပေးလိုက်ရပါတယ်။