ညဖက်အိပ်ရေးကောင်းကောင်းမအိပ်ရလို့ စိတ်ညစ်မနေပါနဲ့တော့နော်။ ခါးနာနေလို့ အိပ်လို့မပျော်လို့ စတဲ့ပြဿနာတွေကို ဖယ်ရှားပေးမယ့် လေ့ကျင့်ခန်း ၃ မျိုးကိုမျှဝေပေးပါမယ်။ အိပ်မပျော်ခင်လုပ်ပေးရမှာပါ။ အိပ်ယာထဲမှာပဲ အလွယ်တကူပြုလုပ်ရမှာမို့ စာဖတ်သူတို့လည်း အကြိုက်တွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လေ့ကျင့်ခန်း ၃ မျိုးကို မျှဝေပေးမယ်နော်။

လေ့ကျင့်ခန်း ၁

ကိုယ်ကို ပက်လက်လှဲနေပါ။ ပြီးရင် အသက်ကို ခပ်ပြင်းပြင်းရှုထုတ်ပြီး ဒူးကွေးပြီးအပေါ်မကာ လက်နှစ်ဖက်နဲ့ ပိုက်ထားပေးပါ။ ပြီးတာနဲ့ အသက်ကိုခပ်ပြင်းပြင်းရှုသွင်းပါ။ အဲဒီအတိုင်း ၁ မိနစ်လောက်နေပြီး အသက်ကို မှန်မှန်ရှုပေးနေပါ။

လေ့ကျင့်ခန်း ၂

ခေါင်းအုံးကို တင်အောက်အားမှာ ထားထားပါ။ ပြီးရင် ပက်လက်လှဲလိုက်ပြီး ခြေထောက်ကို တန်းတန်းမြောက်ကာ နံရံနဲ့ ကပ်ထားပေးပါ။ လက်နှစ်ဖက်ကိုတော့ ဘေးမှာပဲချထားပေးပါ။ ရင်ဘတ်ကိုဖွင့်ထားပြီး အနားယူကာ အသက်ကို မှန်မှန်ရှုသွင်းလိုက် ထုတ်လိုက်လုပ်ပေးပါ။ ၁ မိနစ်ကနေ ၂ မိနစ်ထိနေပေးပါ။

လေ့ကျင့်ခန်း ၃

အရင်ဆုံး ကျောလှဲနေပါ။ ခြေထောက်နှစ်ဖက်ကို နည်းနည်းခွဲထားပါ။ ခေါင်းအုံး (သို့) တဘက်ကို ခေါင်းနဲ့ လည်ပင်ကြား အောက်မှာ ထားထားပါ။ ခန္တာကိုယ်တစ်ခုလုံးကို ဖျော့ဖျော့လေးထားထားပါ။ ပြီးရင် အသက်ကို မှန်မှန်လေးရှုလိုက်ပြီး အသက်ခဏအောင့်ပါ (အောင့်နိုင်သလောက်အောက်ထားပါ။) ပြီးရင် ပြန်ရှုထုတ်ပါ။ အခါ ၂၀ လုပ်ပေးပါ။