ပိုးသားလေးလို နူးညံ့ပြီး နှုတ်ခမ်းသား ပန်းရောင်သန်းစေဖို့ ရိုးရှင်းလွယ်ကူတဲ့ သဘာ၀ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

အမျိုးသမီးတွေအားလုံး ကလေးလေးတွေရဲ့ နှုတ်ခမ်းလိုပဲ နူးညံ့ပြီး ပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားကို လိုချင်ကြတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

နှုတ်ခမ်းသား မည်းညစ်ရတဲ့ အကြောင်းရင်းတွေ

ဆေးလိပ်သောတာ၊ ကဖိန်းဓါတ်ပါတဲ့အစားအစာတွေ များများစားတာ၊ နေရောင်ချည်နဲ့ ထိတွေ့မှုများတာတွေက နှုတ်ခမ်းသားကို ပိုပြီး မည်းညှစ်စေပါတယ်။ ဒါ့တင်မက အရည်အသွေးနိမ့်တဲ့ ကုန်ပစ္စည်းတွေအသုံးပြုလို့လည်း နှုတ်ခမ်းသားကို ထိခိုက်စေပါတယ်။

တခြားဈေးကြီးတဲ့ အလှကုန်ပစ္စည်းတေါကို တကူးတက စဉ်းစားနေစရာမလိုပါဘူး။ သဘာဝနည်းလမ်းတွေကို အသုံးပြုဖို့ အကြံပြုလိုပ်ပါတယ်။

ပြုလုပ်နည်း

ခွက်တစ်လုံးထဲကို သံပုရာသီး (သို့) သံပုယိုသီးကို အရည်ညှစ်ထည့်လိုက်ပါ။ ပြီးရင် သကြားကို ဖြူးထည့်လိုက်ပါ။ သကြားတွေ အရည်ပျော်မသွးသေးခင် နှုတ်ခမ်းပေါ်မှာလိမ်းပေးပါ။ နှုတ်ခမ်းသားကို ညင်သာစွာ ပွတ်ပေးဖို့လိုပါတယ်။

ပြီးရင်ခြောက်အောင်ထားပြီး ရေဆေးချပါ။

ညအိပ်ယာဝင်ခါနီးရင် သံပုရာသီးအရည်ကို နှုတ်ခမ်းပေါ်ပွတ်လိမ်းပြီး အိပ်ပေးပါ။ ဒီလိုနေ့တိုင်းလုပ်ပေးရင် ၅ ရက် ၆ ရက်လောက်ဆို သိသာလာပါလိမ့်မယ်။