တခါတလေကျရင် ကိုယ့်စိုက်ခင်းတွေထဲကနေ အသီးအရွက်တွေ ခူးပြီး ဟင်းလျာချက်ပြုတ်ချင်သူတွေရှိပါတယ်။ ကိုယ်တိုင်စိုက်ထားတဲ့ အသီးအရွက်တွေဆိုတော့ ဓာတုဓာတ်မြေသြဇာ အန္တရာယ်တွေလည်း ကြောက်စရာမလိုတော့ပါဘူး။

ဂျင်း

ဂျင်းက ဟင်းလျာတွေ ချက်ပြုတ်ရာမှာတော့ မပါမဖြစ်ပါဘဲ။ အဲ့ဒီအပြင် သဘာဝဆေးဝါးအဖြစ်လည်း အများကြီးအသုံးပြုလို့ရပါတယ်။ မနက်ခင်းမှာ ပျို့အန်တတ်သူတွေ၊ ရောင်ရမ်းတာ အတွက် အရမ်းကောင်းပါတယ်။

ဂျင်းက အရိပ်ရတဲ့နေရာ၊ စိုစွတ်တဲ့ မြေကြီးကို ကြိုက်နှစ်သက်ပါတယ်။ မြေကြီးကို မြေသြဇာကောင်းအောင် နွားချေးတို့ ၊ သဘာဝမြေသြဇာတို့နဲ့ ပြုပြင်ပေးပါ။

ဂျင်းကို အေးပြီး စိုစွတ်တဲ့နေရာမှာ ထားထားရင် အပင်အတက်လေးတွေ ထွက်လာတတ်ပါတယ်။ ဒါမှမဟုတ် ဂျင်းပင်ကို ဆိုင်မှာ ဝယ်ပြီး စိုက်လည်းရပါတယ်။

အတက်လေးတွေထွက်လာပြီဆိုရင် မြေကြီးထဲထည့်ထားတဲ့ ခွက်လေးထဲမှာစိုက်ထားပြီး အတက်လေးတွေ ထွက်လာမယ့်နေရာကိုတော့ မြေကြီးအပြင်ဘက်မှာ ထားပြီး စိုက်ပါ။

တိုက်ရိုက် နေရောင်ထိတွေ့မယ့်နေရာမှာ မထားပါနဲ့။ အကယ်၍ မြေကြီးကို အမြဲ စိုစွတ်နေအောင် ရေလောင်းပေးပါ။

စိုက်ပြီး ၄ လလောက်ကြာရင်တော့ ဂျင်းပင်လေးတွေ အများကြီး ဖြစ်လာပြီး၊ ဂျင်းပင်တစ်ပင်ရဲ့အောက်မှာ ဂျင်းတွေ ဖြစ်လာမှာပါ။

စိုက်ပြီး ၈ လကနေ ၁၀ လအကြာမှာတော့ ဂျင်းပင်လေးတွေကို နုတ်ယူပြီး ဂျင်းတွေကို ခူးယူလို့ရပါပြီ။

ခြံထဲမှာဘဲဖြစ်ဖြစ် တိုက်ခန်းမှာဘဲ ဖြစ်ဖြစ် အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ အပင်တွေဖြစ်ပါတယ်။

/