မှတ်ဉာဏ်ကောင်းစေဖို့အတွက် ရှောင်သင့်တဲ့ အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။

ပင်လယ်စာ

ပင်လယ်စာတွေထဲမှာ ပုဇွန်၊ ဂဏန်းနဲ့ ဂုံးလို အစားအစာတွေဟာ အခန့်မသင့်ရင် ၀မ်းဗိုက် ပြဿနာ ရှိနိုင်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ပုံကို နှောင့်ယှက် ပေးပါလိမ့်မယ်။ ဒါပေမယ့် တူနာငါးနဲ့ ဆယ်လ်မွန်ငါးတွေကိုတော့ တစ်ပတ်မှာ ၃ကြိမ်လောက် စားပေးသင့်ပါတယ်။

ဆီကြော်စာ

ဆီကြော်စာတွေဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက် ပေးနိုင်တဲ့ အစားအစာအဖြစ် သုတေသနပညာရှင်တွေက ပြောကြပါတယ်။ အာလူးကြော်လို အစားအစာတွေဟာ စားပြီးရင်း စားချင်နေပြီး ဦးနှောက်ကို ထုံထိုင်းစေနိုင်ပါတယ်။

အချိုများတဲ့ အစားအစာ

ဖုတ်ထားတဲ့ကိတ်မုန့်တွေဟာ အချိုဓာတ်များလွန်းတတ်ပါတယ်။ အချိုများတဲ့ အစားအစာတွေကို စားခြင်းဟာ သင်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

အငံများလွန်းတဲ့ အစားအစာ

ဆိုဒီယမ်များလွန်းတဲ့ အစားအစာတွေဟာ ဦးနှောက်ကို လေးလံထိုင်းမှိုင်းစေနိုင်တဲ့ အတွက် မစားသင့်ပါဘူး။