ဝလည်းသိပ်မဝဘဲ ဘာလို့ ဗိုက်ပူခါးတုတ်ကြီးဖြစ်နေတာလဲမသိဘူးဆိုပြီး ညည်းညူသံကို စာဖတ်သူတို့ ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပါ။ တချို့ကျပြန်တော့လည်း ဝပေမယ့် ဗိုက်မှာအဆီသိပ်မရှိတာလည်း မြင်ဖူးကြမှာပါ။ ဗိုက်ပူခါးတုတ်ဖြစ်စေတဲ့ အလေ့အကျင့်ဆိုးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အသင့်စားအစားအစာတွေစားခြင်း

ပြုပြင်ထားတဲ့ အသင့်စားအစားအစာတွေကို စားတာဟာ သင့်ကို ဗိုက်ပူခါးတုတ်စေပါတယ်။ အဲဒီအစားအစာတွေမှာ ဆိုဒီယမ်ဓာတ်ပါဝင်လို့ သင့်ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ ဒါ့ကြေင့် သဘာဝအသီးအရွက်တွေကိုသာ များများစားပေးပါ။

၂။ အရမ်းမြန်မြန်စားခြင်း

အစာကို ကြေကြေညက်ညက်မဝါးဘဲခပ်မြန်မြန်စားတာဟာလည်း ဗိုက်မှာအဆီစုစေပါတယ်။ အစာချေစနစ်အတွက်လည်းမကောင်းလို့ သင့်ကို ဗိုက်ပူစေပါတယ်။

၃။ ကာဘွန်နိတ်ပါတဲ့ အချိုရည်တွေ အများကြီးသောက်ခြင်း

ဆိုဒါတွေ၊ ကာဘွန်နိတ်ပါတဲ့ အချိုရည်တွေဟာ အစာချေစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အစာအိမ်ကို ရောင်ရမ်းစေပြီး ဗိုက်ပူစေပါတယ်။ ကာဘွန်နိတ်ပါတဲ့အချိုရည်အစား ရေနဲ့ သဘာဝသစ်သီးဖျော်ရည်သောက်ပါ။

၄။ အိပ်ယာမဝင်ခင် အစာစားခြင်း

အိပ်ယာမဝင်ခင် အနည်းဆုံး ၃ နာရီလောက်အလိုမှာ အစာစားသင့်ပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အစားအစာကိုပဲ ရွေးချယ်စားသုံးသင့်ပါတယ်။ မဟုတ်ရင် သင့်ကို ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။

၅။ အစားမရှောင်ခြင်း

သင်ကြိုက်တဲ့အစားအစာတွေက ဆီကြော်တွေ၊ မုန့်အချိုတွေဖြစ်နေရင် အဲဒီအစားအစာတွေကို ရှောင်ပေးလိုက်ပါ။ တချို့တွေက ပိန်တော့ပိန်ချင်ပေမယ့် အစားမရှောင်ကြပါဘူး။ သင့်အတွက် မကောင်းဘူးဆိုရင် ရှောင်လိုက်တာအကောင်းဆုံးပါပဲ။

အရေးကြီးဆုံးက သင့်အစားအစာကို အာဟာရဓာတ်ညီညွတ်မျှတအောင်စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ရေများများသောက်ပါ။ စိတ်ဖိစီးမှုကိုလျှော့ချပါ။ တက်တက်ကြွကြွနေပါ။ ဒါဆိုရင်တော့ ဗိုက်ချပ်ချပ်လေးကို မလွဲမသွေပိုင်ဆိုင်ရရှိစေမှာပါ။