အထီးကျန်ခြင်း (သို့မဟုတ်) ကိုယ်တစ်ယောက်တည်းအထီးကျန်နေမှာကြောက်တဲ့ ရောဂါလက္ခဏာကို Autophobia (သို့မဟုတ်) Monophobia လို့ ခေါ်ပါတယ်။ Autophobia ရောဂါလက္ခဏာရှိသူတွေဟာ သာမာန်ထက်ပိုတွေးတက်တဲ့သူတွေဖြစ်ပြီး စိတ်ခံစားချက်လည်း ပြင်းထန်ပါတယ်။ ကိုယ်တစ်ယောက်ထဲစကားပြောဖော်မရှိ အထီးကျန်နေရတာကို ကြောက်လေ့ရှိပြီး လုံခြုံစိတ်ချရတဲ့နေရာမှာရှိနေရင်တောင်မှ စိုးရိမ်ပူပန်မှုတွေကို ခံစားရလေ့ရှိကြပါတယ်။

Source : Brilio

Autophobia ရောဂါလက္ခဏာများ

  • တစ်ယောက်ထဲနေရမှာကို စိုးရိမ်ခြင်း
  • တစ်ယောက်ထဲနေရတဲ့အချိန် ထွက်ပြေးချင်စိတ်ထိန်းမရအောင်ဖြစ်ခြင်း
  • တစ်ယောက်ထဲဖြစ်နေအချိန်ဘာတွေဖြစ်လာမလဲကြိုတွေးပြီးကြောက်နေမိခြင်း
  • တစ်ကိုယ်လုံးတုန်လာတာ၊ အသက်ရှူရခက်ခြင်း၊ ချွေးပြန်ခြင်း
  • အထီးကျန်မှာကို ကြောက်ပြီး ဝမ်းနည်းငိုကြွေးခြင်း စတဲ့လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

Autophobia ဘာကြောင့်ဖြစ်လာတာလဲ

Source : Sohati

Autophobia ရောဂါဖြစ်ရတဲ့အကြောင်းရင်းက လူတစ်ယောက်ဟာ ငါတယောက်ထဲ အထီးကျန်ပြီးနေရတော့မှာပါလားဆိုတဲ့ အကြောင်းမဲ့သက်သက် စိုးရိမ်စိတ်တွေဝင်ရာကနေ တဖြည်းဖြည်း အစပျိုးလာတဲ့ ရောဂါလို့ဆိုနိုင်ပါတယ်။။ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘစွန့်ပစ်ခြင်းခံခဲ့ရသူတွေ၊ တစုံတယောက်အပေါ် ချစ်ခင်တွယ်တာလွန်းပြီး စွဲလန်းနေတဲ့ လူငယ်လူရွယ်တွေမှာ ဒီရောဂါဖြစ်တတ်ပါတယ်။ Autophobia ရောဂါရှိတဲ့သူတွေဟာ အထီးကျန်တယ်လို့ မခံစားရတဲ့အချိန်မှာ ပုံမှန်လူတွေလိုပဲ ပြုမူနေထိုင်နိုင်ပါတယ်။

Autophobia ရောဂါကိုဘယ်လိုကုသမလဲ

Source : Kaiser Health News

Autophobia ရောဂါလဏ္ခာတွေ ရှိနေပြီလို့ သံသယဖြစ်လာရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ Phobia (တစုံတရာနဲ့ ပတ်သက်ပြီး ကြောက်စိတ်လွန်ကဲမှု) ရောဂါ ဥပမာ Autophobia လိုမျိုးရောဂါရှိတဲ့သူတွေကို စိတ်ရောဂါကု ဆရာဝန်တွေနဲ့ ပြတာအကောင်းဆုံးပါ။ မိမိရောဂါအခြေအနေ၊ ပြင်းထန်မှု တို့ကို စစ်ဆေးပြီးတော့ ကိုယ်နဲ့ အဆင်ပြေစေမဲ့ ကုထုံးတွေကို ညွှန်ပေးပါလိမ့်မယ်။

Autophobia ရောဂါဟာ တယောက်ထဲ နေရမှာကို ကြောက်တဲ့ရောဂါ ဖြစ်တဲ့အတွက်ကြောင့် နေ့စဉ်ဘဝနဲ့ အချစ်ရေး၊ အိမ်ထောင်းရေးတို့မှာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို Autophobia ရောဂါရှိတယ်လို့ သံသယဖြစ်လာပြီဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြပြီး အချိန်မှီကုသတာအကောင်းဆုံးဖြစ်ပါတယ်။

Reference: https://www.healthline.com/health/autophobia#causes