ကြက်သွန်နီဥ တစ်လုံးက အဖျားအမျိုးမျိုးကို ကုသပေးနိုင်တယ်ဆိုတာ ထူးဆန်းသလို ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီနည်းလမ်းလေးက ၁၆ ရာစုကတည်းက သဘာဝကုထုံးအဖြစ် လူသိများ အသုံးပြုခဲ့ကြပြီး တကယ်လည်း ထိရောက်တဲ့နည်းလေးပါ။ ကိုယ်တိုင်လက်တွေ့မလုပ်ရင်တောင် ဗဟုသုတအဖြစ် သိရှိနိုင်ဖို့ မျှဝေပေးချင်ပါတယ်။

ကြက်သွန်နီမှာ အဖျားကိုကုပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ အများအပြားပါဝင်ပါတယ်။ ဆာလ်ဖာကွန်ပေါင်းဓါတ် ကြွယ်ဝတာမို့ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

ခြေဖဝါးမှာ ကြက်သွန်နီကို ကပ်ထားပေးတာဟာ ဦးနှောက် အသည်းနဲ့ နှလုံးရဲ့ လုပ်ဆောင်မှုအတွက်လည်း အထူးကောင်းမွန်ပါတယ်။

ကြက်သွန်နီ ခြေအိတ်

ကြက်သွန်နီကို ပါးပါးလှီးပါ။ ပြီးရင် တစ်ခုကိုယူပြီး ခြေဖဝါးနားကပ်ကာ ခြေအိတ်စွပ်ပြီး အိပ်ပါ။ အဲဒီကြက်သွန်နီဟာ ဘက်တီးရီးယား ပိုးမွှားတွေကို ဖယ်ရှားပစ်နိုင်ပြီး အအေးမိတာ ဖျားနာတာတွေကို ကုသပေးနိုင်ပါတယ်။

ခြေအိတ်အစား ပလတ်စတစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ကြက်သွန်နီကို ခြေဖဝါးပေါ်ကပ်ပြီး ပလတ်စတစ်နဲ့ ပတ်ပေးထားပါ။

ဒီနည်းလမ်းလေးကို လူတွေအများကြီးအသုံးပြုခဲ့ကြပြီး တကယ်လည်းထိရောက်ပါတယ်။ ကလေးငယ်တွေ အပါအဝင် အသက်အရွယ်မရွေးအသုံးပြုနိုင်လို့ ဒီနည်းလမ်းလေးက အရမ်းကိုသင့်တော်ပါတယ်။

ကလေးငယ်တွေအတွက်ဆိုရင် ကြက်သွန်နီကို ခပ်သေးသေးလေးလှီးပေးပါ။