အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် အသက်အရွယ်ရလာတာနဲ့အမျှ အရိုးအဆစ်တွေ အားပျော့လာပြီး ဒူးနာလာသလို အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတတ်ပါတယ်။

joinpain

အသက်အရွယ်ကြီးရင့်သူတွေ ဒူးနာလို့ မတ်တပ်ကြာကြာမရပ်နိုင်တာ မထိုင်နိုင်တာကို တွေ့ဖူးမြင်ဖူးကြမှာဖြစ်သလို ကိုယ်တိုင်ခံစားဖူးသူတွေလည်း စာဖတ်သူတွေထဲမှာ ရှိကြတာပါ။ ဒူးနာတာ ဘယ်လောက်ဆိုးသလဲဆိုတာ နာဖူးမှသိပါလိမ့်မယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အရိုးအဆစ်တွေ အားပျော့လာပြီး အရွတ်ရဲ့ လုပ်ဆောင်ချက်ကိုလည်း ဟန်ချက်ညီညီ မထိန်းနိုင်တော့ပါဘူး။

ဒီနည်းလမ်းလေးက ခြေကျင်း၊ ဒူးခေါင်း နဲ့ အဆစ်အမြစ် နာကျင်တာတွေကို သက်သာစေမဲ့အပြင် အရိုးအဆစ်တွေ သန်မာစေမှာမို့ မိမိချစ်သူခင်သူ မြတ်နိုးသူတွေကို လက်ဆင်ကမ်း ဝေမျှဖို့ မမေ့လိုက်ပါနဲ့နော်။

သဘာဝဖျော်ရည်ပြုလုပ်နည်း

ဒီဖျော်ရည်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ရောင်ရမ်းမှုကို သက်သာစေမှာဖြစ်တဲ့အပြင် ဗီတာမင် C ၊ မဂ္ဂနီစီယမ် ၊ ပိုတက်ဆီယမ် စတဲ့ဓါတ်တွေပါဝင်တာကြောင့်လည်း အဆစ်အမြစ်ကို သန်မာစေပါတယ်။

ပါဝင်ပစ္စည်း

18dd2c6opw9sqjpg

အော်ဂဲနစ် လိမ္မောဖျော်ရည်

oatmeal-037

ကွေကာအုတ်လုပ်တဲ့ အမှုန့် (Oatmeal) ၁ခွက် (Super Market တွေမှာ ဝယ်ယူလို့ရနိုင်ပါတယ်။)

diced-pineapple

အတုံးလိုက်လှီးထားတဲ့ နာနတ်သီး ၂ ခွက်

almonds

ဗာဒံစေ့ ၄၀ ဂရမ်

honey

ပျားရည် ၄၀ ဂရမ်

642x361_image_3_can_you_really_use_honey_and_cinnamon_for_weight_loss

သစ်ကြမ်းပိုးခေါက်မှုန့် ၇ ဂရမ်

ပြုလုပ်နည်း

ခွက်တစ်လုံးထဲကို Oatmeal ထည့်ပြီး ရေနွေးထည့်ကာ သေချာမွှေပေးပါ။ ကျက်တဲ့ထိထားပြီး အအေးခံပါ။ ပြီးရင် ဖျော်စက်ထဲကို လိမ္မော်ရည်နဲ့ နာနတ်သီးရည်ကိုထည့်ပါ။ အဲဒီနောက် ဗာဒံစေ့နဲ့ သစ်ကြံပိုးခေါက်ကိုထည့်ပြီး နောက်ဆုံးမှာ ပျားရည်ကိုထည့်ကာ ဖျော်စက်နဲ့ ဖျော်လိုက်ပါ။

ပြီးရင် အအေးခံထားတဲ့Oatmeal ထည့်ပြီး နောက်တစ်ခေါက် ဖျော်စက်နဲ့ ထပ်မွှေပေးပါ။ အဲဒီနောက် ရေခဲထည့်ပြီးပဲဖြစ်ဖြစ် မထည့်ဘဲဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။ ဒီဖျော်ရည်ကို နေ့တိုင်းသောက်ပေးခြင်းအားဖြင့် ဒူးနာတာနဲ့ အဆစ်အမြစ်နာကျင်ကိုက်ခဲတာတွေ တဖြည်းဖြည်းချင်း သက်သာသွားပါလိမ့်မယ်။