အစပ်အဟပ်ကိုကြိုက်နှစ်သက်သူများအတွက် ငရုပ်သီးစိမ်းသည် ထမင်းဟင်း၊ သရေစာမုန့်များတွင် မပါမဖြစ်အမျိုးအမယ်တစ်ခုဖြစ်ပါတယ်။ စပ်လည်းစပ်၊ ပူလည်းပူတဲ့ ငရုပ်သီးစိမ်းက ခံတွင်းတွေ့စေနိုင်ရုံသာမက ကျန်းမာရေးအတွက် ကောင်းကျိုးအစုံအလင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

Capsaicin အမျိုးအစား ငရုပ်သီးအစပ်များသည် အစာခြေဖျက်ခြင်း၊ နှလုံးသွေးကြောစနစ်ကျန်းမာရေးနှင့် နာတာရှည်ကင်ဆာရောဂါများကို ကာကွယ်ရာတွင် အထူးအထောက်အကူပေးနိုင်ပါတယ်။

သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း

ငရုပ်သီးစိမ်းများကို စားသုံးလိုက်ခြင်းသည် သွေးလည်ပတ်မှုကို ကောင်းမွန်စေသောကြောင့် သွေးပေါင်ချိန်တက်တတ်သူများအတွက် အထူးကောင်းမွန်ပါတယ်။

ကိုလက်စထရောကိုနိမ့်ကျစေခြင်း

ငရုပ်သီးစိမ်းများသည် ကိုလက်စထရောပမာဏကို ထိန်းသိမ်းပေးခြင်းဖြင့် နှလုံးနှင့် သွေးလည်ပတ်မှုကျန်းမာရေးကို တိုးတက်စေပါတယ်။ အစပ်သည် ကိုယ်ခန္ဓာအတွင်း ကိုလက်စထရောအလွန်အကျူးဖြစ်ပေါ်မှုကို ဖယ်ရှားပေးရန် ကူညီပေးပါတယ်။

အစာခြေဖျက်မှုကို မြင့်တက်စေခြင်း

သုတေသီများ၏ ရှာဖွေတွေ့ရှိချက်များအရ Antioxidant အန်ဇိုင်းများလည်ပတ်မှုကို မြင့်တက်စေရုံသာမက အစာခြေဖျက်မှုကို ကောင်းမွန်စေပြီး အစာအိမ်နှင့် အူများကို ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာရောဂါမှကာကွယ်ပေးခြင်း

ငရုပ်သီးတွင်ပါဝင်သည့် Capsaicin သည် အကျိတ်အသားပိုများ ဖြစ်ပွားမှုကို ဟန့်တားပေးသောကြောင့် အကျိတ်ကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ထိုမျှသာမက ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းသည့်နေရပ်များတွင် နေထိုင်သူများကိုလည်း အဆုတ်ကင်ဆာဖြစ်ပေါ်မှုမှ ကာကွယ်ပေးနိုင်ပါသေးတယ်။