အလုပ်တွေရှုပ်၊ စိတ်ဖိစီးမှုတွေများပြီး ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ဘဝနေထိုင်မှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဲ့လို အလုပ်တွေရှုပ်၊ စိတ်ဖိစီးမှုတွေ များနေတဲ့အချိန်မှာ ဖြစ်တတ်က ဝမ်းချုပ်တာပါပဲ။ ခန္ဓာကိုယ်က မကျန်းမာ၊ ဝမ်းချုပ်တာတွေက စိတ်ဓာတ်ကျခြင်းနဲ့ အလိုမကျဖြစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

အသင့်လုပ်ထားတဲ့ အစားအစာတွေက ခန္ဓာကိုယ်မှာ အစာခြေဖို့ ခက်ခဲပါတယ်။ အဲ့ဒါကြောင့် အစာအိမ်ဟောင်းထဲမှာဆိုရင် အသင့်စား အစားအစာတွေကနေ ထွက်တဲ့ အဆိပ်တွေက ကျန်နေတတ်ပြီး ဒါတွေက ခန္ဓာကိုယ်ကို ဒုက္ခပေးတတ်ပါတယ်။ အဲ့တော့ ဝမ်းချုပ်ခြင်းကနေ ကင်းဝေးပြီး အစာအိမ်ဟောင်းက အညစ်အကြေးတွေကို ရှင်းလင်းပေးနိုင်တဲ့ သဘာဝနည်းလမ်းလေးကို တင်ပြချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပန်းသီး ရှာလကာ ရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ဘယ်လို ပြင်ဆင်ရမလဲ

၎င်းပစ္စည်း ၂ မျိုးကို ခွက်တစ်ခွက်ထဲ ရောမွေပြီး သောက်သုံးလိုက်ပါ။ အာနိသင်ပိုကောင်းချင်ရင် မနက်မိုးလင်း ဗိုက်ထဲမှာ အစာမရှိခင်မှာ သောက်သုံးသင့်ပါတယ်။ ဒီဆေးနည်းဟာ အစာအိမ်ဟောင်းထဲက အဆိပ်အသောက်တွေကို ဖယ်ရှားပေးပါတယ်။

အဲ့ဒီအပြင်

  • ကော်လက်စထရောပါဝင်မှု ပမာဏကို လျော့စေခြင်း
  • ဆီးချို ဖြစ်ပွားနိုင်ခြေကို လျော့ချပေးခြင်း
  • သွေးတိုးဖြစ်နိုင်မှုကို လျော့ချပေးခြင်းနဲ့
  • အဝလွန်ခြင်းကို ကာကွယ်ပေးပါတယ်။

အဲ့ဒီအပြင် Antioxidants တွေလည်း ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။

Antioxidants ဆိုတာ ဓာတ်တမျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားတွေ ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲက ပျက်စီးမှုတွေပြန်လည် ပြုပြင်ဖို့အတွက် အားပေးတဲ့ ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။ ဒါကြောင့် Antioxidants ဓာတ်တွေပါဝင်တဲ့ အစားအစာ စားသုံးသူတွေက အရွယ်တင်ပြီး ကျန်းမာလှပစေပါတယ်။