အော်ဂန်းနစ် (Organic) ပန်းသီး ရှာလကာ ရည် က ပန်းသီးကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ သူ့ကို ပန်းသီး ရှာလကာရည်ဖြစ်လာအောင် အပူပေးခြင်းမျိုးမလုပ်ဘဲ ကစော်ဖောက်တဲ့ နည်းလမ်းမျိုးနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။

ပန်းသီး ရှာလကာရည်ရဲ့ အသုံးဝင်ပုံ

ဆီးချိုရောဂါကို သက်သာစေ

အာရီဇွန်နား ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာစမ်းသပ်ချက်အရ အော်ဂန်းနစ် ပန်းသီး ရှာလကာရည်က ဆီးချိုရောဂါအတွက် ကောင်းပါတယ်။ သူက သွေးအတွင်း သကြားဓာတ်ကို လျော့ချပေးပါတယ်။

အစာမကြေ၊ လေပွခြင်းများအတွက်

အစာမကြေ၊ လေပွခြင်းများအတွက် အသုံးဝင်တဲ့ သဘာ၀ ဆေးနည်းပါ။ အောဂန်းနစ် ပန်းသီး ရှာလကာ ရည်တစ်ဇွန်းကို ရေသန့် ၄ အောင်စနဲ့ ရောပြီး သောက်ပေးပါ။

ဝမ်းကောင်းခြင်း

အော်ဂန်းနစ် ပန်းသီး ရှာလကာရည်ကို သုံးစွဲလျှင် အစာခြေစနစ်ကို အားကောင်းစေကာ ဝမ်းချုပ်ခြင်းကနေ ကင်းဝေးပြီး ခန္ဓာကိုယ်က အဆိပ်အတောက်များကို အလျင်အမြန် စွန့်ပစ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။

အသားအရေ စိုပြေဝင်းပ

ပန်းသီး ရှာလကာရည်မှာ အသားအရေ ကို ကောင်းမွန်စေပြီး အသားအရေကို ညီညီညက်ညက်လေး ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

အဆစ်အမြစ်ကိုက်ခဲတာတွေကို သက်သာပျောက်ကင်းစေပါတယ်။

6

ခန္ဓာကိုယ်က အဆီတွေခြေဖျက်ပေး

ပန်းသီး ရှာလကာရည်ကို ဟင်းချက်တဲ့နေရာတွေမှာထည့်သွင်း အသုံးပြုရင် ခန္ဓာကိုယ်မှာရှိနေတဲ့ သိုလှောင်ထားတဲ့ အဆီတုံးတွေကို ချေဖျက်ပေးတာကြောင့် ခန္ဓာကိုယ်က အဆီတွေအသုံးချနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ချချင်သူတွေက ပန်းသီး ရှာလကာရည်ကို သုံးကြလေ့ရှိပါတယ်။

7

အိမ်မွေးတိရစ္ဆာန်လေးတွေအတွက်လည်း အသုံးဝင်

ခွေးလေးတွေ ကြောင်လေးတွေ ရေချိုးပေးတဲ့အခါမှာ အော်ဂန်းနစ် ပန်းသီး ရှာလကာရည်အနည်းငယ်ကို ရေနဲ့ စပ်ပြီး ချိုးပေးလို့ရှိရင် သန်းတွေက ရှာလကာရည်အနံ့ကို မကြိုက်တာကြောင့် သင့်အချစ်တော်လေးတွေနားကို လာတော့မှာမဟုတ်ပါဘူး။ ဒါမှမဟုတ်ရင်လည်း ရှာလကာရည်ကို ရေနဲ့စပ်ပြီး သင့်အချစ်တော်လေးတွေ ကိုယ်အပေါ်မှာ ဖြန်းပေးပါ။

ဒါမှမဟုတ်လည်း ခွေးလေးတွေ၊ကြောင်လေးတွေ သောက်တဲ့ရေမှာလည်း ထည့်ထားလို့ရပါတယ်။ ဒါပေမယ့် ရေ ၁လီတာခွဲကိုမှ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ရမှာဖြစ်ပါတယ်။