လူတိုင်းက တစ်ရက်ပြီး တစ်ရက်အသက်ကြီးလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မျက်နှာပေါ်မှာ အရေးအကြောင်းလေးတွေဖြစ်လာမယ်၊ အသားအရေတွေတွဲလာမယ်၊ မျက်ခွံတွေတွဲလာပါလိမ့်မယ်။ ဒီလို သဘာ၀တရားကြီးကိုတော့ လွန်ဆန်လို့မရပေမယ့် ဒီလိုဖြစ်လာမယ့် အချိန် အတိုင်းအတာကိုတော့ နှေးထားလို့ရပါတယ်။ ဒါကတော့ အာဟာရပြည့်ဝစွာစားသုံးခြင်းနဲ့ အရွယ်တင်နုပျိုစေမယ့် အစားအစာတွေ ဖျော်ရည်တွေသောက်သုံးခြင်းပါပဲ။

မုန်လာဥနီနဲ့ ကညွတ်

Carrot-Juice

မုန်လာဥနီနဲ့ ကညွတ်မှာ Antioxidant တွေအများကြီးပါဝင်ပြီး ဆဲလ်တွေကို နုပျိုအောင်ကူညီပေးပါတယ်။ သူတို့က အသားအရည်တွေကိုလည်း စိုပြေ ကောင်းမွန်အောင် ကူညီပေးပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ ၄ လုံး
  • ကညွတ် ၁၀ ခု
  • စပါးလင် ၁ချောင်း

Asparagus-Carrot-and-Pear-juice

ပြုလုပ်နည်း

  • မုန်လာဥနီရဲ့ အစွန်ပိုင်း ၂ ပိုင်းကို ဖြတ်ပြီး ပါးပါးလှီးပါ။
  • ကညွတ်ကို တောက်တောက်စဉ်းပါ။
  • စပါးလင်ကို အရွက်တွေ ဖယ်ထုတ်ပြီး တောက်တောက် စဉ်းပါ။
  • ပစ္စည်းတွေအားလုံးကို ဖျော်စက် ထဲထည့်ပြီး ညက်ညက်ကြေအောင် လုပ်ပြီး သောက်သုံးလို့ရပါပြီ။