လူတိုင်းဟာ မွေးဖွားလာစဉ်ကတည်းက တဖြည်းဖြည်း အသက်ကြီးလာကြရပါတယ်။ ဘယ်တော့မှ ပြန်ငယ်အောင် တော့ လုပ်လို့မရပါဘူး။ ဒါပေမယ့် ကိုယ့် အသားအရေတွေ၊ ခန္ဓာကိုယ်က အရွယ်တင်နုပျိုအောင်တော့ ထိန်းသိမ်းလို့ရပါတယ်။

ဒါကြောင့် အရွယ်တင်နုပျိုစေတဲ့ ဖျော်ရည်အကြောင်းကို ဝေမျှချင်ပါတယ်။

လိမ္မော်သီးနဲ့ စတော်ဘယ်ရီဖျော်ရည်

ဗီတာမင်စီက အသားအရေည် ချောမွတ် စိုပြေဖို့အတွက် အရေးကြီးတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • လိမ္မော်သီး တစ်လုံး
  • စတော်ဘယ်ရီ ၇ လုံး
  • နာနတ်သီး တစ်ပိုင်း

ပြုလုပ်နည်း

  • လိမ္မော်သီးထဲက အရည်ကို ညှစ်ထုတ်လိုက်ပါ။
  • စတော်ဘယ်ရီသီးကို ပါးပါးလှီးပြီး နာနတ်သီးနဲ့အတူ ဖျော်စက်ထဲထည့်မွှေပါ။
  • လိမ္မော်သီးအရည်ကို ပါထည့်ပါ။
  • ပြီးရင် သောက်လို့ရပါပြီ။
  • အဲ့လို ဖျော်ရည်မျိုးကို တစ်ပတ်ကို ၂ခွက်လောက်သောက်ပေးပါ။

အရွယ်တင်နုပျိုဖို့ ဆိုရင် စိတ်ထဲမှာ ပူပင်သောကတွေကို တတ်နိုင်သမျှ ဖျောက်ထားပါ။

ကိုယ်ပိုင်အချိန်လေးထားပြီး အဲ့ဒီအချိန်မှာ ကိုယ်လုပ်ချင်တဲ့ ရုပ်ရှင်ကြည့်၊ အပြင်ထွက်လည်တာမျိုးလုပ်ပါ။

တစ်နေ့ကို ၁ နာရီလောက် အားကစားတစ်ခုခု ပြေးတာဖြစ်ဖြစ်၊ လမ်းလျှောက်တာဖြစ်ဖြစ် လုပ်ဆောင်ပါ။ Gym မှာ သွားဆော့နိုင်ရင်တော့ စိတ်ဖိစီးမှုကင်းပြီး ခန္ဓာကိုယ်လည်း လှပနိုင်ပါတယ်။