‌‌ဆေးပညာစာဖြစ်လို့ ရောဂါတွေကို စုံအောင်ရေးရတယ်။ အလွယ်ဆုံးနည်းကတော့ သန်ချဆေးသောက်တာနဲ့ စသင့်တယ်။ စအိုနေရာယားခြင်းကို ဆေးစာနဲ့ Pruritus Ani လို့ခေါ်တယ်။

ဖြစ်စေတဲ့ အကြောင်းရင်းတွေမှာ သာမန်ကာ ရှန်ကာ ဥပမာ အစားအသောက်၊ သန့်ရှင်းမှုလိုတာမျိုးတွေပါသလို ဆေးကျကျနနကုမှ ပျောက်မှာလဲပါတယ်။ အရေပြား ခြောက်သွေ့နေခြင်း၊ အရေပြားစိုထိုင်းမှု များနေခြင်း၊ ဝမ်းမလုံရောဂါ၊ ဝမ်းနုတ်ဆေး လိုတာထက်ပိုသောက်ခြင်း၊ ဆေးကြောတာကို လိုတာထက်ပိုလုပ်ခြင်း၊ ဆပ်ပြာ၊ သန့်ရှင်းရေးသုံးဆေးရည်၊ ကိုယ်ဝန်တားပစ္စည်း စတာတွေနဲ့ မတည့်ခြင်း၊ Psoriasis, Seborrhea, Eczema အရေပြားနာတွေ ရှိနေခြင်း၊ လိပ်ခေါင်း၊ စအိုကွဲနာ၊ ဂရင်ဂျီနာ၊ စအိုဘေး ပွန်းပဲ့နေခြင်း၊ အပူ-အစပ်၊ ခရမ်းချဉ်သီး၊ အချဉ်သီး၊ ချောကလက်၊ ပိုးသေဆေးတွေ သောက်နေရခြင်း၊ STD လိင်ကတဆင့်ကူးစက်ရောဂါ၊ Pinworms တုပ်ကောင် (သန်ကောင်) ရှိခြင်း၊ စအို ကင်ဆာ၊ စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း၊

အကြောင်းခံကိုရှာပြီး ကုသရမယ်။ နေရာကို သန့်ရှင်းရေး လုပ်သင့်သလောက် ညင်ညင်သာသာ လုပ်ပါ။ ပြီးတာနဲ့ ခြောက်သွေ့အောင်လုပ်ပါ။ ပေါင်ဒါ ထည့်နိုင်တယ်။ လေမှုတ်ကရိယာ သုံးနိုင်တယ်။ (တစ်ရှူး-ပေပါ) သုံးနိုင်တယ်။ (တစ်ရှူး-ပေပါ) အမျိုးအစား ပြောင်းသုံးပါ။ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ ကုသပါ။ အတတ်နိုင်ဆုံး မကုပ်ပါနဲ့။ ရေအေး၊ ရေနွေး သုံးကြည့်ပါ။ (ကော်တွန်) အောက်ခံသာသုံးပါ။ တင်းကြပ်မနေပါစေနဲ့။

တုပ်ကောင် (သန်ကောင်)

Source: Piedmont Colorectal Associates

Mebendazole (Vermox) ဆေးကို တကြိမ်တည်းပေးတာနဲ့ ရတာများတယ်။ တချို့ကို ၁ ပါတ်နေတခါ၊ ဒါမှ မဟုတ် ၂ ပတ်နေတခါ ထပ်ပေးရတယ်။ တကြိမ်တည်းပေးပြီးနောက် ၃ ပတ်နေရင် တခါထပ်ပေးသင့်တယ်။ နောက် ၃ ပတ် နေရင်ရင် တခါ၊ ပေါင်း ၃ ခါပေးရတယ်။ အသက် ၂ နှစ်အောက် ဆေးတဝက်သာပေးပါ။ Albendazole ကိုလဲ အဲလို ပေးသင့်တယ်။ ဒီဆေးက ဘေးထွက်ဆိုးကျိုးနဲနဲပိုတယ်။ Pinworms သန်ကောင်က ဆီးလမ်း၊ လိင်လမ်းကိုပါ ကူးစက်တာဆိုရင် Mebendazole (Vermox) + Ivermectin (Stromectol) ဆေး ၂ မျိုး တွဲပေးရမယ်။

Ivermectin (Stromectol) ဆေး

Source: Gutbliss

အရေပြားအောက်ကနေဝင်တဲ့ Strongyloidiasis (Threadworm) သန်ကောင်အတွက် သုံးတယ်။ အသဲနဲ့ အူထဲအထိ ရောက်တယ်။ Onchocerciasis (River blindness) ရောဂါအတွက်ကိုလည်း ပေးတယ်။ မျက်စိကို ထိခိုက်စေတဲ့ သန်ကောင် ဖြစ်တယ်။ 3, 6, or 12 လစီခြား ပေးရမယ်။ လူကြီး 150 mcg/kg တကြိမ်ပေးပါ။ နောက် ၃-၁၂ လမှာ ထပ်ပေးပါ။ အသက် ၂ နှစ်အောက် ဆေး တဝက်သာပေးပါ။ Strongyloidiasis (Threadworm) အတွက်ပေးရင် ဝမ်းစစ်တာကို ၃ ခါ လုပ်သင့်တယ်။ မတွေ့မှ ကင်းရှင်းပြီလို့ ပြောနိုင်တယ်။ လူကြီး = 200 mcg/kg နဲ့ ၂ နှစ်အောက် ဆေးတဝက်သာပေးပါ။ Roundworm သန်လုံးကောင်၊ သန်းနဲ့ ဝဲ-ယားနာတွေအတွက်လည်း သုံးနိုင်တယ်။ ဒီဆေးကို အစာမရှိချိန်မှာ ပေးတာကောင်းတယ်။ ဘေးထွက်-ဆိုးကျိုး = ခေါင်းကိုက်၊ ခေါင်းမူး၊ ကြွက်သားနာ၊ ပျို့၊ ဝမ်းပျက်။

မှို (ဖန်းဂတ်စ်)

Source: medicalnewstoday.com

အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတယ်။ စအိုနေရာသာမက (ဗဂျိုင်းနား) နေရာတွေမှာပါ ယားတယ်။ ဆီးချိုးရှိနေရင် ပိုဆိုးမယ်။ လူတွေရဲ့ ပါးစပ် နဲ့ (ဗဂျိုင်းနား) မှာ ရှိနေတဲ့အကောင်။ ဒါ့ကြောင့် မွေးလမ်းကြောင်းမှာ ဒီမှိုကြောင့်ရတဲ့ ရောဂါကို STD လိင်ကတဆင့် ကူးစက်ရောဂါလို့ မသတ်မှတ်ဘူး။ အမျိုးသမီးတွေမှာ တသက်မှာ အနည်းဆုံးတခါ ဖြစ်သူပေါင်း ၇၅% ရှိတယ်။ ယားမယ်၊ အဖြူဆင်းမယ်၊ ဒိန်ခဲလို အဖတ်အဖတ်တွေ ဖြစ်တတ်တယ်။ လိင်ဆက်ဆံတဲ့အခါ နာမယ်။ ဒီဆေးတွေက (ဗဂျိုင်းနား) ထဲ ထည့်ရတယ်။ စအိုနေရာကိုပါ လိမ်းနိုင်တယ်။ Clotrimazole Vaginal suppositories မွေးလမ်းထည့်ဆေး 100 mg ၆ ည၊ 200 mg ၃ ည။ Miconazole ointment or 2% cream or 100-200 mg suppository မွေးလမ်းထည့်ဆေး၊ ၃ ည။ Nystatin 100,000 units vaginal tablets မွေးလမ်းထည့်ဆေး ၁၄ ရက်။ Fluconazole 150 mg ပြန်ပြန်ဖြစ်နေသူတွေကို တပါတ်တခါ ပေးတယ်။ အဖြူဆင်းတာနဲ့ပါ တွဲနေတတ်လို့ Metronidazole စားဆေး တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၇ ရက် သောက်ပါ။

ယားတာကိုသက်သာအောင် Hydrocortisone cream or ointment (Cortaid, Preparation H Anti-Itch Cream) (စတီရွိုက်) လိမ်းဆေး အများဆုံး သုံးတယ်။ Zinc oxide ointment (Desitin, Balmex) လိမ်းဆေး နဲ့ Capsaicin ငရုပ်သီးကနေလုပ်တဲ့ လိမ်းဆေးကိုလဲ သုံးနိုင်တယ်။ Antihistimine (Cetrizine) သောက်ဆေး တည ၁ ပြားသောက်ရင် ယားတာ သက်သာမယ်။ အဲတာတွေက ဖြစ်စေတာကို ပျောက်စေတာမဟုတ်ပါ။

Credit: Dr. တင့်ဆွေ

Featured Image Source: Gulf News