အိမ်တွင်းသန့်ရှင်းရေးက အိမ်ရှင်မကောင်းတစ်ယောက်အတွက် သိပ်ကိုအရေးပါပါတယ်။ မိမိအိမ်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းနေမှ မိသားစုကျန်းမာရေးအတွက်လည်း စိတ်ချရမယ်မဟုတ်လား။ အိမ်တွင်းသန့်ရှင်းရေးအတွက် ငွေးကြေးသိပ်ကုန်ကျခံစရာမလိုဘဲ ဒီနည်းလမ်းလေးကို စမ်းသုံးကြည့်ရအောင်ပါ။

သံပုယိုသီး

သံပုယိုသီးကတော့ အက်ဆစ်ဓါတ်တွေပါဝင်တဲ့ အသီးဖြစ်လို့ အရာဝတ္တုတော်တော်များများကို သန့်စင်ပေးနိုင်ပါတယ်။ သံပုယိုသီးကို ပန်းကန်စင်သန့်ရှင်းရေ၊ စတီးလ်သန့်ရှင်းရေး ၊ ပန်းကန်သန့်ရှင်းရေးအတွက် အသုံးပြုလို့ရပါတယ်။ သံမန်သလင်းကြမ်းပြင် ညစ်ပေနေရင်လည်း ဆားနဲ့ရောပြီး တိုက်ပေးပါ။

အရက်ပျံ

အရက်ပျံကလည်း အရာဝတ္တုတော်တော်များများကို သန့်ရှင်းတောက်ပြောင်စေပါတယ်။ အရာဝတ္တုပစ္စည်းတွေကို နဂိုအတိုင်း တောက်ပြောင်စေပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကတော့ ပေါင်မုန့်တွေ ဖုတ်တဲ့နေရာ အကြော်တွေကြော်တဲ့နေရာမှာ အသုံးပြုတဲ့ ဂျုံမုန့်ပါ။ မုန့်ဖုတ်ဆိုဒါကို အဝတ်တွေ လျှော်ရမှာထည့်သွင်းအသုံးပြုနိုင်သလို ဇွန်း ပန်းကန်တွေဆေးတဲ့နေရာတွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အစွန်းအထင်းတွေ ကိုသန့်စင်ပေးနိုင်ပါတယ်။

ရှလကာရည်

ရှလကာရည်ကလည်း အိမ်ရှင်မတွေအတွက် မရှိမဖြစ်ပါပဲ။ အစွန်းအထင်းတွေကို သန့်စင်ပေးနိုင်တဲ့ အကောင်းဆုံးအစွန့်ချွတ်ဆေးဆိုလည်းမမှားပါဘူး။ ဒါ့အပြင် အိမ်နံရံတွေမှာ ဘက်တီးရီးယားတွေ မှိုတွေ မစွဲအောင် တားဆီပေးပါတယ်။

ဆား

ဆားက သံထည်ပစ္စည်းတွေကို သန့်စင်ပေးရာမှာ အကောင်းဆုံးပါပဲ။ သံပန်းကန်တွေ ဇွန်းတွေ သံနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေကို ဆားနဲ့ သန့်ရှင်းရေးလုပ်ပေးပါ။ သံချေးတက်တာကိုလည်း ကာကွယ်ပေးပါတယ်

ရေခဲတုံး

ရေခဲတုံးကို ပန်းကန်ဆေးတဲ့ ဘေစင်ခွက်ထဲမှာ ထည့်ထားပါ။ တစ်လကို အနည်းဆုံး တစ်ကြိမ် (သို့) နှစ်ကြိမ်လုပ်ပါ။ ဘေစင်ပေါ်က ဆီတွေကို သန့်စင်ပေးနိုင်ပြီး ဘေစင်လည်း အမြဲသန့်ရှင်းနေမှာဖြစ်ပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးကို သွားတိုက်ရုံသာမက အစွန်းအထင်းတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ ဆီတွေပေကျံလာပြီဆိုရင် သွားတိုက်ဆေးကို လိမ်းပေးထားပြီး လျှော်ဖွတ်ပေးပါ။