ကြက်သွန်နီဖျော်ရည်ကို သောက်တဲ့သူကတော့ အင်မတန်နည်းပါတယ်။ ဒါပေမယ့် ကြက်သွန်နီဖျော်ရည်ကို ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာမှာ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးကောင်းချင်ရင်တော့ သောက်ပေးဖို့ လိုပါတယ်။

ဆံသားသန်စွမ်းခြင်း

ကြက်သွန်နီဖျော်ရည်ကို ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ဆံပင်ကျွတ်ခြင်းတွေကို လျော့ပါးစေပြီး ဆံပင်သန်စွန်းစေပါတယ်။ ဦးရေပြားမှာရှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပါတယ်။

ဆီးချိုရောဂါကိုတိုက်ထုတ်နိုင်ခြင်း

ကြက်သွန်နီဖျော်ရည်ကိုသောက်ပေးခြင်းက ကိုယ်တွင်းရှိ သကြားဓာတ်ကို ထိန်းချုပ်ပေးပြီး ဆီးချိုရောဂါကို သက်သာစေပါတယ်။ ဒါကြောင့် ဆီးချိုဖြစ်ချင်နေတဲ့သူတွေသောက်ပေးရင် ဆီးချိုရောဂါကိုတိုက်ထုတ်ပေးနိုင်ပြီး ဆီးချိုဖြစ်နေသူတွေသောက်ရင်တော့ သက်သာလာစေပါတယ်။

ကင်ဆာရောဂါကို တိုက်ထုတ်နိုင်ခြင်း

ကြက်သွန်နီဖျော်ရည်ကို သောက်ပေးခြင်းက ကင်ဆာရောဂါဖြစ်ပွါးမှုကိုလျော့ကျစေပြီး ကင်ဆာဆဲလ်တွေပြန့်ပွားမှုကိုလည်း နှောင့်နှေးစေပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ချင်ရင် ကြက်သွန်နီတစ်နေ့တစ်လုံးစားပေးတာပဲဖြစ်ဖြစ်၊ ကြက်သွန်နီဖျော်ရည်သောက်ပေးတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

နှလုံးကျန်းမာရေးကောင်းမွန်ခြင်း

ကြက်သွန်နီဖျော်ရည်ကို ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ နှလုံးကျန်းမာရေးကို ကောင်းမွန်လာစေပါတယ်။ ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ Cholesterol တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ကျန်းမာတဲ့အသားအရေရရှိခြင်း

ကြက်သွန်နီဖျော်ရည်ကိုသောက်ပေးခြင်းဟာ အသားအရေကို နုပျိုလှပစေပြီး ကျန်းမာတဲ့အသားအရေလေးကို ရရှိလာစေပါတယ်။ အမဲစက်တွေကိုလည်း သိသိသာသာပျောက်ကင်းစေပါတယ်။

Photo Source: www.womensok.com