သကြားသီးက အဝိုင်း နဲ့ ဘဲဥပုံသဏ္ဍန်ရှိပြီး အရသာရှိတဲ့အသီးပါပဲ။ ချိုတယ် ကယ်လိုရီပါဝင်မှုများတယ် ဒါပေမယ့် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေရှိနေပါသေးတယ်။

အမြင်အာရုံ

ဗီတာမင် A ပါဝင်မှုများလို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အသက်အရွယ်အိုမင်းတဲ့အချိန်မှာ အမြင်အာရုံဝေဝါးမှုကို နှောင့်နှေးစေပါတယ်။

အားရှိစေတယ်

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များအတွက် ကောင်းမွန်တယ်

ကာဘွန်ဟိုက်ဒရိတ်နဲ့ တခြား အဟာရဓါတ်တွေပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်ကို အားရှိစေပါတယ်။ ပျို့အန်ခြင်း မူးဝေခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ကျောက်ကပ်အတွင်းမှာ ကျောက်တည်တာကိုလည်း ကာကွယ်ပေးနိုင်ပြီး တခြား ကျောက်ကပ်နဲ့ ပတ်သတ်တဲ့ ရောဂါတွေကနေလည်း ကင်းဝေးစေပါတယ်။

သွား

သွားပျက်စီးမှာကို ကာကွယ်ပေးမယ့် အစားအစာများ

သွားတွေကို ခိုင်ခန့်စေပါတယ်။ကယ်လ်ဆီယမ်ဓါတ်၊ ဖော့စဖော့ရပ်နဲ့ သံဓါတ်ပါဝင်လို့လည်း အရိုးတွေကို သန်မာစေပါတယ်။

အမျှင်ဓါတ်

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပြီး ဝမ်းမှန်စေပါတယ်။

သကြားသီးကို အမှည့်စားသုံးနိုင်ပါတယ်။ အသီးချည်းပဲစားသုံးနိုင်သလို ဖျော်ရည်လုပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

သတိပေးချက် ဆီးချိုသမားတွေနဲ့ မတည့်ပါဘူး။ သကြားဓါတ်နဲ့ ကာဘွန်ဟိုက်ဒရိတ်ပါဝင်မှုများလို့ မစားသင့်ပါဘူးနော်။ စားမယ်ဆိုလည်း ဆရာဝန်နဲ့ အရင်တိုင်ပင်ကြည့်ပါ။