ပင်စိမ်းရွက်ကတော့ မြန်မာတို့နဲ့ သိပ်မစိမ်းတဲ့အရွက်တစ်မျိုးပါပဲ။ အဓိကစားသုံးကြတာမျိုးမဟုတ်ပေမဲ့လည်း စားသုံးလေ့ရှိကြပါတယ်။

Featured-Imagebenefits-of-basil-general-cooking

ပင်စိမ်းရွက်မှာ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေများစွာရှိနေပါတယ်။

သွေးတွင်းသကြားဓါတ်လျှော့ကျစေခြင်း

benefits-of-basil-lower-blood-sugar

ဆီးချိုဝေဒနာရှင်တွေဟာ ပင်စိမ်းရွက်ကို စားပေးနိုင်ပါတယ်။ ပင်စိမ်းရွက်ကို ရေနွေးနဲ့စိမ်ပြီးသောက်ပေးတာဟာ ဆီးချိုဝေဒနာရှင်တွေအတွက် အထူးကောင်းမွန်တယ်လို့ ဆေးပညာရှင်တွေကပြောပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာမှာ ပင်စိမ်းရွက်ကို စားပေးတာလည်းဆီးချိုဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်။

ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိ

benefits-of-basil-improve-your-immune-system

ပင်စိမ်းရွက်မှာ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိပါဝင်ပြီး စားသုံးပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်ကိုကောင်မးွန်စေပါတယ်။ ဘက်တီးရီယားပိုးတွေ ဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းကိုသက်သာစေခြင်း

benefits-of-basil-treat-headaches

ပင်စိမ်းရွက်ဟာ ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အိမ်တွင်းဆေးအနေနဲ့ ပင်စိမ်းရွက်ကို အသုံးပြုကြပါတယ်။ ပင်စိမ်းရွက်ကိုအခြောက်ခံပြီး ပင်စိမ်းရွက်ခြောက်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေနွေးစူစူဖြင့် သည်လိုက်ပါ။ ပြီးရင်အငွေ့ကို ၁၀ မိနစ်လောက် ရှုပေးပါ။

မှတ်ဉာဏ်တိုးတက်စေခြင်း

boost-memory-and-concentration

ပင်စိမ်းရွက်ကိုစားပေးတာဟာ မှတ်ဉာဏ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။

နှလုံးကိုကာကွယ်ပေးခြင်း

benefits-of-basil-protect-your-heart

ပင်စိမ်းရွက်ဟာ နှလုံးကိုကျန်းမာစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

အအေးမိဖျားနာတာကို သက်သာစေခြင်း

benefits-of-basil-relieve-fever-and-common-cold

အအေးမိဖျားနာတာတွေအတွက် ပင်စိမ်းရွက်ကို ဝါးပြီးစားပေးရမှာပါ။ ရာသီအကူးအပြောင်းကာလမှာဖြစ်ပွားတတ်တဲ့ အအေးမိဖျားနာတာကို သက်သာစေပါတယ်။

ချောင်းဆိုးခြင်းကိုသက်သာစေခြင်း

benefits-of-basil-treat-cough

လေးညှင်းပွင့် ၅ ခုနဲ့ ပင်စိမ်းရွက် ၅ ရွက်ကို ရေခွက်တစ်လုံးစာထည့်ပြီး ဒယ်အိုးထဲထည့်ကာ ၈ မိနစ်ကနေ ၁၀ မိနစ်ထိ ပွက်ပွက်ဆူအောင်သည်ပေးပါ။ ဆားအနည်းငယ်ထည့်ပါ။ ပြီးရင် အေးတဲ့ထိထားပြီး သောက်ပေးပါ။ ချောင်းဆိုးလို့ လည်ချောင်းနာတာကိုလည်း သက်သာစေပါတယ်။

မျက်လုံးကျန်းမာရေး

benefits-of-basil-improve-eye-health

ပင်စိမ်းရွက်မှာ ဗီတာမင် A ပါဝင်လို့ ပင်စိမ်းရွက်ကို စားပေးတာဟာ မျက်လုံးကိုကျန်းမာစေပြီး အမြင်အာရုံကို ပိုမိုကြည်လင်စေပါတယ်။

အစာအိမ်ပြဿနာကို ဖြေရှင်းနိုင်ခြင်း

အစာချေစနစ်နဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ပင်စိမ်းရွက်က သက်သာစေပါတယ်။ ပင်စိမ်းရွက်ကို အစာအိမ်နာတာအတွက်လည်း ပင်စိမ်းရွက်နဲ့ ဂျင်းကိုရောပြီး ဖျော်သောက်ပေးနိုင်ပါတယ်။ ပင်စိမ်းရွက်ကို ရေနွေးနဲ့ကျိုပြီးလည်းသောက်ပေးနိုင်ပါတယ်။