မက်မွန်သီးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင်နဲ့  သတ္တုဓါတ်တွေလည်း ပါဝင်လို့ ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရှိပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တယ်

peach

Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် A ပါဝင်လို့ အဆုတ်ကင်တာနဲ့ ခံတွင်းကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ ဒါ့တင်မက ရင်သားကင်ဆာ ပျံ့နှံ့မှုကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးကျန်းမာရေး

Beta Carotene နဲ့ ှဗီတာမင် A ပါဝင်လို့ တစ်နေ့ကို မက်မွန်သီး ၃ လုံးလောက်စားပေးရင် အမြင်အာရုံကို ကြည်လင်စေပြီး မျက်လုံးကို ကျန်းမာစေပါတယ်။

အဆိပ်အတောက်ကင်းစင်စေခြင်း

peaches

နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ခန္တာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ။် ပိတက်ဆီယမ်နဲ့ အမျှင်ဓါတ်တွေပါဝင်လို့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ ဒါ့တင်မကပါဘူး။ ကျောက်ကပ်ကိုလည် ကျန်းမာစေပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

ကယ်လိုရီပါဝင်မှုနည်းတဲ့အပြင် အဆီမပါလို့ ကိုယ်အလေးချိန်လျှော့ချချင်သူတွေ စားပေးနိုင်ပါတယ်။

နောက်ထပ်အကျိုးကျေးဇူးတွေကတော့

ဂေါက်တို့လို အဆစ်အမြစ်နာကျင်တာကို သက်သာစေပါတယ်။ ကင်ဆာအကျိတ်ပျံ့နှံ့မှုကိုလည်း ကာကွယ်ပေးပြီး သွားနဲ့ ခံတွင်းကိုကျန်းမာစေပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း ကျန်းမာစေပြီး အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးပါတယ်။ နေရောင်ကနေလည်း ကာကွယ်ပေးလို့ အရေပြားကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။