ဒီကနေ့ခေတ်မှာ အလှကုန်ပစ္စည်းတွေဟာ ကျွန်မတို့ မိန်းမသားတို့ရဲ့ ဘဝမှာ စိုးမိုးနေရာယူနေကြပါတယ်။ ဓာတုပစ္စည်းတွေကို အခြေခံပြီးထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုနေကြရပါတယ်။ ဒါ့ကြောင့် အသားအရေကို ပိုပြီး ထိရှပျက်စီးစေလို့ ရှေးယခင်ကတည်းက အသုံးပြုခဲ့တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းကိုမျှဝေပေးပါမယ်။

၁။ပျားရည်

width="600" width=

ပျားရည်ဟာ ရှေးယခင်ကတည်းက အလှပအတွက် အသုံးပြုလာခဲ့တဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ အသားအရေကို စိုပြေစေတဲ့ ဂုဏ်သတ္တတွေကြောင့်လည်း ပျိုမေတို့ကြားမှာ လူသိများပါတယ်။ အသားအရေကို သန့်စင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်းပါဝင်ပြီး အသားအရေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသားရေကို ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေးဖြစ်လာစေမှာပါ။

ပျားရည်နဲ့ မျက်နှာကို ၂ ရက်ခြားတစ်ခါလောက် ပေါင်းတင်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်လှပလာစေမှာဖြစ်ပါတယ်။

၂။ နနွင်း

နနွင်းဟာ အသားအရေ မညီမညာဖြစ်တာကို သက်သာစေပါတယ်။ နနွင်းကို နို့၊ ပျားရည်တို့နဲ့ရောပြီး မျက်နှာကို လိမ်းပေးနိုင်သလို နနွင်းကြီးသက်သက်လည်း မျက်နှာပေါ်မှာလိမ်းပေးနိုင်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ ဒီလိုပုံမှန်လုပပေးရင်တော့ အမာရွတ်တွေ အကြောပြတ်တာတွေကိုလည်း လျှော့ချပေးနိုင်သလို ထိခိုက်ရှနာတဲ့ ဒဏ်ရာတွေကိုလည်း သက်သာစေပါတယ်။

၃။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကို ပုံမှန်လေး လိမ်းပေးရင် အသားအရေကို ကြည်လင်စိုပြေစေပါတယ်။ အရေပြားယားယံခြင်းကိုလည်း သက်သာစေပြီး အသားအရေကို ညီညာစေပါတယ်။ နေလောင်ထားတဲ့ အသားအရေကိုလည်း ပြန်လည်ကောင်းမွန်စေမှာဖြစ်ပါတယ်။