[Unicode]
ဆီးဖြူ သီးကတော့ အာရှဘက်မှာ ပေါက်ရောက်တဲ့အသီးမို့ အနောက်တိုင်းက သိပ်မသိကြပါဘူး။ အိန္ဒိယနဲ့ တရုတ်မှာဆို အရမ်းလူသိများတဲ့ အသီးပါ။
အိန္ဒိယနိုင်ငံသားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကတည်းက ဒီအသီးကို စိုက်ပျိုးခဲ့ကြပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့အတွက်လည်း အသုံးပြုခဲ့ကြတာပါ။
တရုတ်ဆီးဖြူ ပဲဖြစ်ဖြစ် အိန္ဒိယ ဆီးဖြူပဲဖြစ်ဖြစ် အစိမ်းရောင် (သို့) အဝါရောင်အစင်းရှိပြီး ချိုသလို ချည်သလို ခါးသလို နဲ့ အရသာတကယ်စုံတဲ့အသီးပါ။
ဒီအသီးက ဘာတွေကောင်းလဲ ကြည့်ရအောင်။
ဆီးဖြူသီး ၁ လုံးဟာ လိမ္မော်သီး အလုံး ၂၀ နဲ့ညီမျှပါတယ်။
လိမ္မော်သီးထက် ဗီတာမင် C ပါဝင်မှုပိုမိုများပြားပြီး ကျန်းမာရေးအတွက်ရော ခန္တာကိုယ်အတွက်ပါ အထူးကာင်းမွန်တဲ့အသီးပါ။
ကင်ဆာ
Antioxidant အများအပြားပါဝင်တဲ့ ဒီအသီးက ကင်ဆာရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်ပြန့်နှံ့မှုကို လျှော့ချပေးနိုင်ပါတယ်။
အသည်း
အသည်းမှာဖြစ်ပေါ်နေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆီးဖြူသီးကို အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ဖို့အတွက် အဓိက အသုံးပြုကြပါတယ်။
ဆီးချို
မြန်မာမှာရော ကမ္ဘာမှာပါ အဖြစ်များတဲ့ ဆီးချိုရောဂါအတွက် ဆီးဖြူသီးက အထူးကောင်းမွန်ပါတယ်။ အသည်းကိုကျန်းမာစေသလို ဆီးချိုကျစေပါတယ်။
အစာအိမ်နာ
အစာအိမ်နာတာအမျိုးမျိုးအတွက် ဆီးဖြူသီးကို စားသုံးပေးသင့်ပါတယ်။
[Zawgyi]
ဆီးျဖဴ သီးကေတာ့ အာရွဘက္မွာ ေပါက္ေရာက္တဲ့အသီးမို႔ အေနာက္တိုင္းက သိပ္မသိၾကပါဘူး။ အိႏၵိယနဲ႔ တရုတ္မွာဆို အရမ္းလူသိမ်ားတဲ့ အသီးပါ။
အိႏၵိယႏိုင္ငံသားေတြက လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀၀၀ ကတည္းက ဒီအသီးကို စိုက္ပ်ိဳးခဲ့ၾကၿပီး ကိုယ္ခံအားစနစ္ေကာင္းမြန္ေစဖို႔အတြက္လည္း အသံုးျပဳခဲ့ၾကတာပါ။
တရုတ္ဆီးျဖဴ ပဲျဖစ္ျဖစ္ အိႏၵိယ ဆီးျဖဴပဲျဖစ္ျဖစ္ အစိမ္းေရာင္ (သို႔) အ၀ါေရာင္အစင္းရွိၿပီး ခ်ိဳသလို ခ်ည္သလို ခါးသလို နဲ႔ အရသာတကယ္စံုတဲ့အသီးပါ။
ဒီအသီးက ဘာေတြေကာင္းလဲ ၾကည့္ရေအာင္။
ဆီးျဖဴသီး ၁ လံုးဟာ လိေမၼာ္သီး အလံုး ၂၀ နဲ႔ညီမွ်ပါတယ္။
လိေမၼာ္သီးထက္ ဗီတာမင္ C ပါ၀င္မႈပိုမိုမ်ားျပားၿပီး က်န္းမာေရးအတြက္ေရာ ခႏၱာကိုယ္အတြက္ပါ အထူးကာင္းမြန္တဲ့အသီးပါ။
ကင္ဆာ
Antioxidant အမ်ားအျပားပါ၀င္တဲ့ ဒီအသီးက ကင္ဆာေရာဂါျဖစ္ပြားမႈကိုကာကြယ္ေပးႏိုင္ပါတယ္။ ကင္ဆာဆဲလ္ျပန္႔ႏွံ႔မႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
အသည္း
အသည္းမွာျဖစ္ေပၚေနတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဆီးျဖဴသီးကို အသည္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားႏိုင္ဖို႔အတြက္ အဓိက အသံုးျပဳၾကပါတယ္။
ဆီးခ်ိဳ
ျမန္မာမွာေရာ ကမၻာမွာပါ အျဖစ္မ်ားတဲ့ ဆီးခ်ိဳေရာဂါအတြက္ ဆီးျဖဴသီးက အထူးေကာင္းမြန္ပါတယ္။ အသည္းကိုက်န္းမာေစသလို ဆီးခ်ိဳက်ေစပါတယ္။
အစာအိမ္နာ
အစာအိမ္နာတာအမ်ိဳးမ်ိဳးအတြက္ ဆီးျဖဴသီးကို စားသံုးေပးသင့္ပါတယ္။