ဒွါရခြောက်ပေါက်နဲ့ အာရုံခြောက်ပါး၊ ကာမဂုဏ်တရားတွေထဲက နှာခေါင်းက ဂန္ဓာရုံဆိုတဲ့ အနံ့တွေကိုပြတဲ့ လက္ခဏာလို့ ဆိုပါတယ်။ ဆေးပညာမှာတော့ နှာခေါင်းက ဖြစ်စေတဲ့ ရောဂါတွေထဲမှာ အနံ့ကို ကောင်းကောင်းမသိတာ ရောဂါဖြစ်သလို၊ အနံ့မတည့်တာလဲ ရောဂါဘဲ။

ဆေးပညာကို နည်းနည်းလောက် တီးမိခေါက်မိသူတိုင်း မတည့်တာ (အလာဂျီ) လို့ သိကြတယ်။ ယားတာ၊ အရေပြားမှာ နီရဲလာတာမျိုးကို (အလာဂျီ) လို့ ခေါ်လေ့ရှိတယ်။ ဒါက အခြေခံလက္ခဏာ အမှန်ပါဘဲ။ မေးတဲ့သူက နှာခေါင်းမှာ လက္ခဏာတွေ ပေါ်နေတာမို့ Allergic rhinitis အလာဂျီ နှာခေါင်းရောင်ခြင်းလို့ ဆေးစာကခေါ်တယ်။

Pollenosis နဲ့ Hay fever လို့လဲ ခေါ်သေးတယ်။ Pollen ခေါ်တဲ့ ဝတ်မှုန်ဝတ်ဆံ ခေါ်တဲ့ ဖုံမှုံ့တွေကြောင့်ဖြစ်ရလို့ ခေါ်တာပါ။

(အလာဂျီ) ဖြစ်စေတေဲ့ အရာကို (အလာဂျင်) ခေါ်တယ်။ ဒါမျိုးတခုခု ကိုယ်ထဲဝင်လာရင် ခန္ဓာကိုယ်ကနေ ခုခံအားအတွက် (အင်တီဘော်ဒီ) ဆိုတာ ထွက်လာစေတယ်။ ဆေးစာတွေ ရေးပြနေတာ စိတ်မရှုတ်ပါနဲ့။

ဆေးကို ပြောတဲ့အခါ ပိုနားလည် လွယ်စေချင်လို့ပါ။ (အင်တီဘော်ဒီ) ကနေ (မတ်စ်-ဆဲလ်) ဆိုတဲ့ သွေးဖြူဥကို သွားပေါင်းလိုက်တဲ့အခါ (ဟစ်တမင်း) ဆိုတဲ့ ဓါတ် ထွက်လာစေတယ်။ (ဟစ်တမင်း) ကြောင့် ယားတာ၊ ရဲတာ၊ ရောင်တာတွေ ဖြစ်လာရတယ်။

ဖြစ်တာ တခါနဲ့ တခါ မတူတတ်ပါ။ အဖုအပိန့်တွေ ထွက်မယ်။ တချို့မှာ မျက်ခွံရောင်မယ်။ နားအပြင် နှာခေါင်းမှာပါလာဖြစ်တယ်။ အစားနဲ့ မတည့်သူဆိုရင် လည်ချောင်းမှာလာဖြစ်လို့ နှာချေပြီး၊ ယားတာ၊ ရောင်တာဖြစ်လာမယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာနဲ့ ဆင်တူပေမဲ့ ဒီဟာပိုကြာရှည်ပြီး ဥတုရာသီလိုက် ဖြစ်တတ်တယ်။ အတော်လည်း အဖြစ်များတယ်။ မျိုးနဲ့ရိုးနဲ့လဲ ဖြစ်တတ်တယ်။ ပါတ်ဝန်းကျင်နဲ့ မသင့်တာလည်းပါတာပေါ့။ အမျိုးအစား ၂ မျိုးခွဲနိုင်တယ်။

ဥတုကြောင့်ဖြစ်တာနဲ့ ဥတုမရွေးဖြစ်တာ။ ကံဆိုးသူတွေမှာ နှစ်မျိုးလုံး တွဲနေတတ်သေးတယ်။ တချို့ဆိုရင် နာတာရှည် ရောဂါအနာနဲ့ပါ တွဲနေတတ်တယ်။ ဥပမာ နှင်းခူနာ၊ ပန်းနာ၊ (မိုင်ဂရင်း)၊ စိတ်ကျရောဂါ။

ဆေးအမျိုးအစား (၃) မျိုး အားကိုးနိုင်ပါတယ်။ Antihistamines (အင်တီ-ဟစ်တမင်း)၊ Steroids (စတီရွိုက်)၊ Decongestants (ဒီကွန်ဂျက်စ်တင့်) ဆေး။ ၃ မျိုးလုံး လိုနိုင်တယ်။ အိမ်မှာသုံး၊ ခရီးသွား ဆောင်ထားဘို့အတွက် ဆေးတွေနဲ့ အရေးပေါ်ဖြစ်လို့ ကုပေးရတဲ့ ဆေးတွေလည်းရှိတယ်။

ဗမာပြည်မှာ (Chlorpheniramine) Burmeton (ဘာမီတွန်) စားဆေး၊ ထိုးဆေး လူတိုင်းလိုလိုသိတယ်။ အိပ်ချင်စေတယ်။ နောက်ပေါ် Cetirizine ကို ဆောင်ထားပါ။ 5 mg, 10 mg ဆိုပြီးလာတယ်။ တနေ့ ၁ ပြားရတယ်။ ကလေးဆို အလေးချိန်အလိုက် တဝက်၊ လေးပုံတပုံပေးပါ။ ဒီဆေးက သိပ်မအိပ်ချင်ဘူး၊ ပိုထိရောက်တယ်။

(အင်တီ-ဟစ်တမင်း) ဆေးဆိုတာ ခန္ဓာကိုယ်ကနေ သူနဲ့မတည့်တာကို တုံ့ပြန်လို့ဖြစ်ရတဲ့ လက္ခဏာတွေကို ပြောင်းပြန် ဖြစ်အောက် လုပ်ပေးတာမို့၊ ခန္ဓာကိုယ်အလိုကို ဆန့်ကျင်စေတာ ဖြစ်နေတယ်။ အကြာကြီး သောက်ရတာ ဘေးထွက်-ဆိုးကျိုးတွေ များစေမယ်။

(ကော်တီဇုံး = စတီရွိုက်) ဆေးကိုတော့ အလွယ်မသုံးသင့်ဘူး။ ချက်ချင်းဆိုသလို သက်သာမယ်။ ဒါပေမဲ့ သူပါမှ ရမှာမျိုးကိုတော့ မပေးလို့မဖြစ်ဘူး။ နှာခေါင်း၊ မျက်စိ၊ အရေပြားမှာဖြစ်တာတွေအတွက် လိမ်းဆေး၊ ထည့်ဆေးတွေရှိတယ်။ တကိုယ်လုံးကို သက်ရောက်စေချင်ရင် စားဆေးပေးတယ်။

(ကော်တီဇုံး) ထဲက အများဆုံး ပေးတတ်ပြီး ဝယ်လို့လည်း လွယ်တာက Prednisolone ဖြစ်တယ်။ များသောအားဖြင့် ၅ မီလီရမ် ဆေးပြား။ အရမ်းတော့ မသောက်ရပါ။ (အင်တီ-ဟစ်တမင်း) ဆေးတွေပေးနေရင်း မသက်သာမှ တွဲပေးတယ်။ ပေးရင်လဲ ဆေးကို များများပေးရာကနေ တဖြည်းဖြည်း လျှော့လျှော့ပေးရတယ်။

Spray ပန်းဆေးတွေကလည်း (အင်တီ-ဟစ်တမင်း)၊ (စတီရွိုက်)၊ ဆားရည်၊ (ဒီကွန်ဂျက်စတင့်) အမျိုးမျိုး ရှိတယ်။ (ဒီကွန်ဂျက်စတင့်) ဆိုတာက (အလာဂျင်) ကြောင့် သွေးကြောလေးတွေ ကျဉ်းနေလို့ သွေးတွေ ဖေါင်းများနေတာကို လျှော့အောင် လုပ်ပေးတဲ့ဆေးပါ။ မျက်စဉ်း၊ နှာခေါင်းထဲ ပန်းဆေးတွေလည်းရှိတယ်။ သွေးတိုး ရှိရင် သတိထားရတယ်။ (အင်တီ-ဟစ်တမင်း) နဲ့ ပြောင်းပြန်ဖြစ်တာက အအိပ်ပျက်စေတတ်တယ်။

(အလာဂျီ) ရတာနဲ့ တဆက်တည်းဖြစ်လာရတဲ့ Nasal polyps နှာခါင်းထဲမှာ အလုံးဖြစ်တာ Sinuses (ဆိုင်းနပ်စ်) ဖြစ်တာ ရှိနေရင် သူ့ကိုပါ ကုရပါလိမ့်မယ်။ မတည့်တာကိုသိလို့၊ ဒါကို ယဉ်ပါးအောင်လုပ်တဲ့ အင်မတန် ကရိကထများတဲ့ Desensitization နည်းလည်း လုပ်နိုင်ပါတယ်။

ဆေးကုရတာရဲ့ရည်ရွယ်ချက်က ရောဂါရဲ့လက္ခဏာတွေ သက်သာအောင်က များပါတယ်။ အမှန်က မဖြစ်အောင်လုပ်မှ မဖြစ်မှာ မဟုတ်လား။ မဖြစ်အောင်က ဖြစ်စေတာကို ရှောင်ရမယ်။ “ပြောတော့လွယ်၊ လုပ်တာခက်” ဆိုတဲ့ အစားထဲ ပါတယ်။

အခုနေတဲ့ နေရာ၊ ပတ်ဝန်းကျင်ကနေ ပြောင်းနေတာမျိုး၊ လက်ရှိ အလုပ်ကနေ ပြောင်းလုပ်တာမျိုး။ မိသားစုလိုက် ဖြစ်နေတာကို သူတို့နေအိမ်မှာ သူတို့နဲ့ မတည့်တဲ့ အရာတခုခု ခိုအောင်းနေတာမို့ အိမ်ပြောင်းနိုင်ရင် ပြောင်းရမယ်။ အိမ်သန့်ရှင်းရေးကို အမှုံအမွှားတွေ ထွက်စေပြီးသကာလ နေရောင်နဲ့ လေသန့် ဝင်အောင် စီမံသင့်တယ်။ နှာခေါင်းစည်း သုံးတာမျိုး။ တယောက်က ဖြစ်နေရင် သီးသန့် နေစေတာမျိုး။

Antihistamines ဆေးတွေဟာ ခဏသာ သက်သာစေပေမဲ့ မြန်မြန် သက်သာစေပါတယ်။

  • Brompheniramine or Chlorpheniramine 4 mg ကို ၆-၈ နာရီတခါသောက်ပါ။
  • Clemastine 1.34–2.68 mg တနေ့ ၂ ကြိမ်၊
  • Loratadine 10 mg တနေ့ ၁ ကြိမ်၊
  • Cetirizine 10 mg တနေ့ ၁ ကြိမ်၊ နဲနဲသာအိပ်ချင်၊
  • Fexofenadine 60 mg တနေ့ ၁-၂ ကြိမ်၊ မအိပ်ချင်၊
  • Desloratadine 5 mg တနေ့ ၁ ကြိမ်၊ နဲနဲသာအိပ်ချင်၊
  • Ebastine 10–20 mg တနေ့ ၁ ကြိမ်၊
  • Misolastine 10 mg တနေ့ ၁ ကြိမ်။

နှာခေါင်းထဲ ပန်းရတဲ့ဆေးက ပိုထိရောက်တယ်။

  • Levocabastine 0.2 mg တနေ့ ၂ ကြိမ်၊ + Azelastine နှာခေါင်းတဖက်မှာ 1.1 mg/d နှာခေါင်းထဲ ၂ ခါပန်းရတဲ့ဆေး။
  • Beclomethasone 42 mcg/spray တနေ့ ၂ ကြိမ်၊
  • Flunisolide 25 mcg/spray တနေ့ ၂ ကြိမ်၊
  • Mometasone furoate 200 mcg တနေ့ ၁ ကြိမ်၊
  • Budesonide 100 mcg တနေ့ ၂ ကြိမ်၊
  • Fluticasone propionate 200 mcg တနေ့ ၁ ကြိမ်၊
  • Montelukast 10 mg တနေ့ ၁ ကြိမ်၊ သူ့ချည်းဖြစ်ဖြစ် Cetirizine 10 mg (သို့) Loratadine 10 mg နဲ့ဖြစ်ဖြစ် တွဲပါ။
  • Brompheniramine (dimetane) 4mg ၄-၆ နာရီခြား၊
  • Clemestine (travegyl) 0.5mg ၁၂ နာရီခြား၊
  • Diphenhydramine (benadryl) 25-50mg ၄-၆ နာရီခြား။
  • Cetirizine(zyrtec) 10 mg တနေ့ ၁ ကြိမ်၊
  • Loratadine (Clarityne) 10 mg တနေ့ ၁ ကြိမ်၊
  • Fexofenaline (Telfast) 60mg တနေ့ ၂ ကြိမ်၊ 120 mg တနေ့ ၁ ကြိမ်၊
  • Pseudoephedrine (Maxiphed) 30-60 mg ၄-၆ နာရီခြား၊
  • Tripolidine/Pseudoephedine (Actifed) ၃ ကြိမ်သေက်ပါ။

နှာခေါင်းထဲထည့် နှာရည်ယိုသက်သာဆေးတွေ

  • Oxymetazoline (Afrin, Sinarest) ၁-၂ စက်၊ ၄ နာရီ ၁ ခါ။
  • Tymazoline (Pernazine) ၂-၃ စက်၊ ၄ နာရီတခါ။
  • နှာခေါင်းထဲထည့်ရတဲ့ (အင်တီ-ဟစ်တမင်း) ဆေးတွေ
  • Azelastine (Azep) တခါသုံး ၂ ချက်ပန်း၊ တနေ့ ၂ ခါ။
  • Levocabastine (Livostin) တခါသုံး ၂ ချက်ပန်း၊ တနေ့ ၂ ခါထည့်ပါ။

နှာခေါင်းထဲထည့်ရတဲ့ စတီရွိုက်ဆေးတွေ

  • Beclomethasone aqueous (Beconase AQ) တခါသုံး ၂-၄ ချက်ပန်း၊ တနေ့ ၂-၄ ခါ။
  • Busesonide aqueous (Rhinocorts) တခါသုံး ၂-၄ ချက်ပန်း၊ တနေ့ ၁-၂ ခါ။
  • Fluticasone aqueous (Flixonase) တခါသုံး ၁-၂ ချက်ပန်း၊ တနေ့ ၁ ခါ။
  • Triamcinolone aqueous (Nasacort, Nasacort aq) တခါသုံး ၂ ချက်ပန်း၊ တနေ့ ၁ ခါ။
  • Mometasome aqueous (Nasonex) တခါသုံး ၂ ချက်ပန်း၊ တနေ့ ၁ ခါ။ 2
  • Cromolyns sodium တခါသုံး ၁ ချက်ပန်း၊ တနေ့ ၂-၆ ခါ။
  • Ipratropium bromide (Atrovent) (0.03%) တခါသုံး ၂ ချက်ပန်း၊ တနေ့ ၂-၃ ခါထည့်ပါ။