ကမ္ဘာမြေမှာ အသက်ရှင်နိုင်တဲ့ လူသားတွေက PH Level နဲ့ ဝေးကွာလို့မရပါဘူး။ ရေသောက်ရင်တောင် ရေသန့်က PH 7 ဖြစ်ဖို့လိုအပ်ပါတယ်။

အခုနောက်ပိုင်းမှာ စက်မှုတွေဖွံ့ဖြိုးတိုးတက်လာတာကြောင့် အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပါဝင်မှုများပြီး သမုဒ္ဒရာထဲက PH အဆင့်တွေ ရှိနေကျ 8.2 အဆင့်ကနေ 8.1 ကို ကျဆင်းလာပါတယ်။

ဒါကြောင့် ပင်လယ်နေ သတ္တဝါတွေကို ထိခိုက်လာပါတယ်။

အယ်ကာလိုင်းပါဝင်မှုများတဲ့ အစားအစာများမှာ

ဖရဲသီး

ဖရဲသီးရဲ့ PH Level က 8.5 ရှိတာကြောင့် အယ်ကာလိုင်းဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အမျှင်ဓာတ်တွေလည်းပါဝင်တာကြောင့် အစာခြေစနစ်ကို ထောက်ပံ့ပေးပြီး ရေဓာတ်ပြည့်ဝအောင် ကူညီပေးပါတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးတွေဖြစ်တဲ့ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ စတဲ့ ဘယ်ရီသီးများမှာ အမျှင်ဓာတ်တွေ၊ Antioxidants ဓာတ်တွေအပြင် အယ်ကာလိုင်းတွေလည်းပါဝင်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီမှာ ဗီတာမင် E နဲ့ Monounsaturated Fatty အက်ဆစ်တွေပါဝင်တဲ့အပြင် အယ်ကာလိုင်း ဓာတ်ပါဝင်မှုနှုန်းလည်းများပါတယ်။

တခြားသော အယ်ကာလိုင်းပါဝင်မှုများတဲ့ အစားအစာများမှာ

Carrot1

မုန်လာဥနီ၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီပန်းပွင့်စိမ်း၊ သခွားသီး၊ ကြက်သွန်ဖြူ၊ ကိုက်လန်၊ မှို၊ ကြက်သွန်နီ၊ ပဲအမျိုးမျိုး၊ ရွှေဗရုံသီး၊ ခရမ်းချဉ်သီး၊ ကန်စွန်းရွက် စသည်တို့ဖြစ်ပါတယ်။

အဲ့အပြင် ပန်းသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ အုန်းသီး၊ စပျစ်သီး၊ သံပုရာသီး၊ လိမ္မော်သီး၊ နာနတ်သီး စသည်တို့ဖြစ်ပါတယ်။