Antibiotics ပဋိဇီဝဆေးတွေရဲ့ ဝက်ခြံကိုသက်ရောက်စေနိုင်တဲ့ အစွမ်းတွေထဲမှာ အရေးကြီးဆုံးက (ဗက်တီးးရီးယား) တွေရဲ့ အရေအတွက်ကို သိသိသာသာ လျော့နည်းစေတာ ဖြစ်တယ်။ သွေးဖြူဥကြောင့်ဖြစ်ရတဲ့ Irritation နေမထိ ထိုင်မသာ ဖြစ်တာကိုလဲ နည်းစေနိုင်တယ်။ နောက်ပြီး Sebum ဝက်ခြံအရည်ထဲမှာ Fatty Acids အဆီကိုလဲ လျော့နည်း စေတာမို့ Inflammatory Response ရောင်ရမ်းခြင်း ဖြစ်စဉ်ကို သက်သာစေတယ်။ ဘယ် ပဋိဇီဝဆေးမဆို အမျိုးသမီးတွေမှာ Candida Vaginal Yeast Infections မွေးလမ်းကြောင်း မှိုဝင်တာ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးရဲ့ အာနိသင်ကိုလဲ ထိခိုက်တတ်တယ်။

1. Tetracycline (တက်ထွာဆိုက်ကလင်း) ကို အများဆုံး သုံးတယ်။ တခါသောက် 500 mg တနေ့ ၂ ကြိမ်ပေးတယ်။ ဘယ်လောက် ကြာကြာလဲဆိုတာ အတိအကျ ပြောမရဘူး။ သက်သာတဲ့အထိလို့ အကြမ်းပြောလို့ ရတယ်။ နောက်ပိုင်းမှာ တခါသောက် 250 mg တနေ့ ၂ ကြိမ် လျော့နိုင်တယ်။ ဆေးကို အစာမရှိချိန် သောက်တာ ကောင်းတယ်။ သတိထားဘို့က အသက် ၉ နှစ်အောက် နဲ့ ကိုယ်ဝန်ဆောင်တွေကို ဒီဆေးမပေးရဘူး။ အဆင်ပြေတာက ဒီလူမျိုးတွေက ဝက်ခြံဖြစ်တတ်သူတွေ မဟုတ်ကြပါ။

2. Erythromycin (အရစ်သရိုမိုင်စင်) ကိုလဲ သုံးနိုင်တယ်။ သူက (တက်ထွာဆိုက်ကလင်း) ထက်သာတာက ရောင်ရမ်းခြင်း ဖြစ်စဉ်အတွက် ပိုကောင်းတယ်။ အစားနဲ့လဲ သောက်လို့ရတော့ အစားကြီးတဲ့ ငယ်ရွယ်သူတွေနဲ့ ကိုက်တယ်။ တခါသောက် 250 – 500 mg တနေ့ ၂ ကြိမ်ပေးတယ်။ ပျို့အန်ချင်တာ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်တွေလဲ ပေးနိုင်တယ်။

3. Minocycline ဆေးကို ပြီတည်နေချိန်မှာ သုံးရင်ကောင်းတယ်။ အစာနဲ့ဝေးရင် ပိုကောင်းတယ်။ တခါသောက် 50 to 100 mg တနေ့ ၂ ကြိမ်ပေးတယ်။ ခေါင်းမူး၊ ပျို့-အန်၊ အရေပြားနဲ့ သွားညိုတာတွေ ဖြစ်နိုင်တယ်။

4. Doxycycline (တက်ထွာဆိုက်ကလင်း) နဲ့ (အရစ်သရိုမိုင်စင်) သုံးလို့ မထူးခြားသူတွေကို ဒီဆေး ပေးတယ်။ တခါသောက် 50 to 100 mg တနေ့ ၂ ကြိမ်ပေးတယ်။ အစာနဲ့လဲနီးလို့ ရတယ်။ ပျို့ချင်တယ်။ နေရာင်နဲ့ မတည့်ဘူး။

5. Clindamycin ဆေးကို တခါသောက် 75 to 150 mg တနေ့ ၂ ကြိမ်ပေးတယ်။ သောက်ဆေးထက် လိမ်းဆေး အဖြစ်သုံးတာ များတယ်။ ဘေးထွက်-ဆိုးကျိုးကတော့ Pseudomembranous Colitis, Clostridium Difficile အူမကြီးရောင်တတ်တယ်။