ရန်ကုန်၊ မြန်မာ၊ ဇွန်လ ၁၆ ရက် ၂၀၂၆။ ။ a Sure Company အနေဖြင့် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ လူမှုစီးပွားရေးဘဝများကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်စေရန် ရည်ရွယ်ပြီး Sure Foundation ကို ထူထောင်ခဲ့ကာ ပထမဆုံးခြေလှမ်းအနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိ ဝန်ထမ်းများအတွက် အခမဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၄ ရက် နှင့် ၅ ရက် နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်မှတစ်ဆင့် လူအများနှင့် နေ့စဉ် ထိတွေ့ဆက်ဆံရသည့် Frontline Sales ဝန်ထမ်းများနှင့် ယာဉ်မောင်းများ စုစုပေါင်း ဝန်ထမ်း (၁၀၀) ဦးကို ရာသီတုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ပါသည်။
Centers for Disease Control and Prevention (CDC) ၏ ထုတ်ပြန်ချက်များအရလည်း တုပ်ကွေးရောဂါသည် မည်သည့်အချိန်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း ရောဂါအများစုမှာ ရာသီအကူးအပြောင်းကာလများ အထူးသဖြင့် မိုးရာသီနှင့် အေးမြသောရာသီများတွင် အဖြစ်များသောကြောင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ရာသီတုပ်ကွေးနှင့် တုပ်ကွေးနှင့်ဆက်နွယ်သောရောဂါများ ဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်သည့်အတွက် ဝန်ထမ်းများအတွက် ပိုမိုဘေးကင်းပြီး ကျန်းမာသောလုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်မည့်အပြင် ၎င်းတို့ မိသားစုဝင်များ၏ လူမှုဘဝကျန်းမာရေးကိုပါ တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
a Sure Company ၏ Founder နှင့် Chief Executive Officer ဖြစ်သူ ကိုသီဟဇော်မှ “ဝန်ထမ်းတွေရဲ့ စိတ်ရော၊ ကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးဟာ ကျွန်တော်တို့ a Sure Company အတွက် တကယ့်ကို အရေးကြီးပါတယ်။ ကုမ္ပဏီရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးဟာ လုပ်ငန်းတစ်ခု ရေရှည်အောင်မြင်မှုအတွက်လည်း အရေးပါတာကြောင့် စွမ်းဆောင်ရည်မြင့်မားပြီး ကျန်းမာလုံခြုံတဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ ခြေလှမ်းတစ်ခုအနေနဲ့ ရန်ကုန်ရုံးချုပ်မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်နှင့် ၅ ရက်၊ မန္တလေးရုံးချုပ်မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်မှာ ဝန်ထမ်းတွေအတွက် ရာသီတုပ်ကွေးကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပါတယ်။ ဝန်ထမ်းတွေအတွက် အထောက်အပံ့ကောင်းတွေပေးနိုင်တဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နိုင်စေဖို့အတွက် ကြိုးစားနေသလို နောက်ထပ်လည်း Personal ရော၊ Professional ပါ တိုးတက်နိုင်စေဖို့ အစီအစဉ်တွေ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
a Sure Company ၏ Business Development Manager ကိုရန်နိုင်လင်း မှလည်း ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် “ကျွန်တော်တို့ကိုယ်တိုင်ကျန်းမာနေမှ အလုပ်ကို သေသေချာချာနဲ့ အောင်မြင်စွာလုပ်နိုင်မှာ ဖြစ်သလို မိသားစုကိုလဲ သေချာစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် Company က အခုလို ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးတာကြောင့် ဝန်ထမ်းတွေကို တန်ဖိုးထားတဲ့ လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေရတယ်လို့ ပိုပြီး ခံစားရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
World Health Organization (WHO) ၏ အချက်အလက်များအရ ရာသီတုပ်ကွေးသည် ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် လူပေါင်း (၁) ဘီလီယံခန့်ကို ကူးစက်နိုင်ပြီး ပြင်းထန်သောအခြေအနေများအဖြစ် လူ (၃) သန်းမှ (၅) သန်းခန့် ဖြစ်ပွားနိုင်ကာ နှစ်စဉ် လူ (၂၉၀,၀၀၀) မှ (၆၅၀,၀၀၀) ခန့် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။ ပိုမိုဘေးကင်းပြီး ကျန်းမာသောလုပ်ငန်းခွင်ကောင်းတစ်ခုသည် တစ်ဦးတစ်ယောက်ချင်းစီ၏ တိုးတက်မှုခရီးလမ်းကို အထောက်အပံ့တစ်ခုဖြစ်စေနိုင်သည့်အတွက် a Sure Company အနေဖြင့် လက်ရှိ ဝန်ထမ်း (၃၁၀) ဦးတို့၏ ကိုယ်စီအရည်အချင်းများကို တိုးတက်ကောင်းမွန်စေပြီး လူမှုစီးပွားရေးဘဝများ ကောင်းမွန်လာစေရန် တစ်ဖက်တစ်လမ်းမှ ဆက်လက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။
a Sure Company အကြောင်း
a Sure Company သည် Premium Multi-Brand Experience ကို ရရှိနိုင်မည့် iSure၊ Apple Ecosystem နှင့် Apple Experience ကိုပေးအပ်နေသည့် XtraSure – Apple Authorized Reseller ၊ Technology နှင့် Lifestyle ထုတ်ကုန်မျိုးစုံကို တစ်နေရာတည်းတွင် ရရှိနိုင်သည့် Trust Call တို့၏ Parent Company ဖြစ်ပြီး ကမ္ဘာ့အဆင့်မီ Technology နှင့် Lifestyle ထုတ်ကုန်များကို ကောင်းမွန်စိတ်ချရသည့် After-sale Service များ၊ တရားဝင်အာမခံများနှင့် အကောင်းဆုံး Customer Experience များဖြင့် မြန်မာနိုင်ငံမှသုံးစွဲသူများထံ တင်သွင်း ဖြန့်ဖြူး ရောင်းချနေပါသည်။
ကမ္ဘာ့အဆင့်မီ Technology နှင့် Lifestyle များအတွက် မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရဆုံး နေရာတစ်ခုဖြစ်လာရန်” ဟူသော Vision ဖြင့် a Sure Company သည် သုံးစွဲသူများ၊ Business Partners များနှင့် ဝန်ထမ်းများအတွက် ရေရှည်တန်ဖိုးများ ဖန်တီးပေးနိုင်ရန်၊ ယုံကြည်မှုအခြေပြု Partnerships များ တည်ဆောက်ရန်နှင့် အရည်အသွေးမြင့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။



