ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်မှုကြောင့် ပြင်းထန်တဲ့အပူလှိုင်းတွေဟာ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ ဒီလိုအပူချိန်ပြင်းထန်မှုက လူတိုင်းအတွက် ကျန်းမာရေးအန္တရာယ်များ ဖြစ်စေတဲ့အပြင် အထူးသဖြင့် အသက်အရွယ်ကြီးရင့်တဲ့ သက်ကြီးရွယ်အိုများအတွက် ပိုပြီးစိုးရိမ်စရာဖြစ်လာစေပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့ကိုယ်ခန္ဓဟာ ရုတ်တရက် အပူချိန်ပြောင်းလဲမှု၊ အပူချိန်မြင့်မားမှုနဲ့ အပူလှိုင်းများကို ခံနို်င်မှုအားနည်းလာပါတယ်။ ဒါဆို အသက်ကြီးသူတွေကို အန္တရာယ်ဖြစ်စေတဲ့ အပူလွန်ကဲခြင်းကိုကာကွယ်ဖို့ ဘာတွေသိထားရမလဲ ? ဘယ်လိုကာကွယ်ရမလဲ ?

ချွေးထွက်များလေ ရေဓာတ်ဆုံးရှုံးမှုများလေမလို့ ပူလွန်းတဲ့ကာလမှာ အသက်ကြီးသူများရဲ့ ချွေးထွက်နိုင်မှုကို အတတ်နိုင်ဆုံး လျော့ချနိုင်ဖို့လိုပါတယ်။

ရာသီဥတုပူတဲ့အခါ အေးမြတဲ့အရည် ဖျော်ရည်လေးတွေ သောက်ပေးပါ။ တစ်ခုသတိထားရမှာက အရမ်းအေးတဲ့အရာတွေက ကြွက်တက်တာကို ဖြစ်စေနိုင်တာကြောင့် ရှောင်ပါ။

အနားယူပါ။ ဖြစ်နိုင်ရင် လေအေးပေးစက်ရှိတဲ့ ပတ်ဝန်းကျင်ကို ရှာပြီးနေပါ။

ပူလွန်းတဲ့ကာလမှာ အသက်ကြီးသူတွေအနေနဲ့ ရေသောက်တာကို ပုံမှန်ထက်ပိုပြီး သတိထားသောက်ပေးဖို့ လိုအပ်ပါတယ်။

ပေါ့ပါးသောအဝတ်အစားများ ဝတ်ဆင်ပါ။ဖြစ်နိုင်ရင် နေပူထဲမထွက်ဘဲ အိမ်ထဲမှာပဲနေပါ။ ပြင်းထန်တဲ့ လှုပ်ရှားမှုများလုပ်တာမျိုး ရှောင်ပါ။

အသက်ကြီးသူတွေသာမက ရေရှည်ကျန်းမာရေးပြဿနာတွေနဲ့ ကြုံတွေ့နေရသူတွေဟာ နွေရာသီလို ပူလွန်းတဲ့ကာလတွေမှာ အပူဒဏ်မရအောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။