လူအများစုရဲ့ဘဝတွေထဲက အရေးကြီးဆုံးလူတွေထဲမှာ သူငယ်ချင်းကောင်းများလည်း ပါဝင်ပါတယ်။ ဒါတောင် သူငယ်ချင်းအားလုံးက ကောင်းတာမဟုတ်ဘူး။ ခင်မင်ရင်းနှီးမှုဆိုတာ  စိတ်ကူးယဉ်မှုတစ်ခုထက် ပိုပါတယ်။ အခင်ဆုံးသူငယ်ချင်းတွေဆိုတာ ဘာပဲပြောပြော ဘဝအတွက် အဓိပ္ပါယ်တွေအများကြီးရှိတာပါ။

သူတို့က မင်းမကြိုက်ဘူးလို့ထင်ရင်တောင် အမှန်အတိုင်းပြောဖို့ မရှက်တတ်ကြပါဘူး။ ခိုင်မြဲပြီး ရင်းနှီးတဲ့ဆက်ဆံရေးတွေက စိတ်ပိုင်းဆိုင်ရာရော  ရုပ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာရေးကို နည်းလမ်းများစွာနဲ့  အများကြီး အထောက်အကူဖြစ်စေပါတယ်။

အထီးကျန်ခြင်း

“လူအုပ်ထဲမှာ အထီးကျန်တယ်” ဆိုတဲ့ စကားလုံးကို ကြားဖူးပါသလား။ အထီးကျန်မှုဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ သုခချမ်းသာကို ထိခိုက်စေပြီး ယနေ့ခေတ်မှာ လူတော်တော်များများက  အထီးကျန်မှုကို ခံစားနေကြရပါတယ်။ ဒါပေမယ့် သူငယ်ချင်းကောင်းများက အထီးကျန်မှုကို တားဆီးဖို့နဲ့ အထီးကျန်ခြင်းကို ရှောင်ရှားဖို့ အများကြီးကူညီပေးနိုင်ပါတယ်။

စိတ်ဖိစီးမှု

လူတိုင်းဟာ စိတ်ဖိစီးမှုတွေ ကြုံရတတ်ပါတယ်။ စိုးရိမ်ပူပန်မှုတွေကို နားထောင်ပေးတဲ့ သူငယ်ချင်းတစ်ယောက်ကို ပြောပြပြီး ပြဿနာတွေကိုအဖြေရှာဖို့အတွက် ဖြေရှင်းချက်တွေကို အကူအညီတောင်းကြည့်ပါ။

စိတ်ပိုင်းဆိုင်ရာ

စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဟာ ဆက်ဆံရေးအတွက် တကယ့်ကိုအရေးကြီးတဲ့အကျိုးကျေးဇူးတစ်ခုပါ။ ဝမ်းနည်းတဲ့အခါ ဒါမှမဟုတ် စိတ်ဆိုးတဲ့အခါ သူငယ်ချင်းကောင်းတွေကို ပြောပြလိုက်ပါ။ သူတို့က  အာရုံပြောင်းအောင် ကူညီပေးနိုင်မှာပါ။

ယုံကြည်မှု

ခိုင်မာတဲ့ဆက်ဆံရေးရှိတဲ့သူငယ်ချင်းတွေက သင်ဘာပဲလုပ်လုပ် သူတို့က သင့်ကိုအားပေးနေပါလိမ့်မယ်။ ဒီအားပေးမှုက သင့်ကိုယ်သင် ယုံကြည်မှုကို တိုးစေပြီး သင့်ရည်မှန်းချက်တွေနဲ့ အောင်မြင်ဖို့ကို တိုးစေမှာပါ။