သဘာဝတရားကြီးပေးတဲ့ ကျန်းမာရေးဓာတ်စာတွေထဲမှာအုန်းရည်ကလည်း တစ်ခုအပါဝင်ပါတယ်။အုန်းရည်မှာခန္ဓာကိုယ်အတွက် အထောက်အပံ့ဖြစ်စေတဲ့ အဟာရဓာတ် ဗီတာမင်ဓာတ်တွေများစွာပါဝင်ပါတယ်။ဒီတစ်ခေါက်မှာတော့ အုန်းရည်သောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွက်ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပြောပြပေးချင်ပါတယ်။

(၁) အစာခြေစနစ်ကို ကောင်းမွန်စေတယ်

Source : Shutterstock

အုန်းရည်ထဲတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကောင်းမွန်စေရန်အထောက်အပံ့ပေးပါတယ်။ဒါ့အပြင်အုန်းရည်မှာ Monoglyceride လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုးပါဝင်ပြီး အဆိုပါဓာတ်ပေါင်းဟာ အစာခြေဖျက်ရာမှာပိုမို လွယ်ကူစေဖို့ကူညီပေးပါတယ်။အစာခြေစနစ်ဆိုင်ရာရောဂါများကိုလည်းကာကွယ်ပေးပြီး ရင်ပူခြင်းကင်းဝေးစေကာ လန်းဆန်းမှုကိုခံစားရစေမှာဖြစ်ပါတယ်။

(၂) ရေဓာတ်ပြန်လည် ဖြည့်တင်းပေးတယ်

Source : Shutterstock

ခန္ဓာကိုယ်အတွက် ကုန်ခမ်းသွားတဲ့ရေဓာတ်ကိုအမြန်ဆုံးပြန် လည်ဖြည့်တင်းဖို့ဆိုရင် အုန်းရည်ဟာမဖြစ်မနေသောက်သုံးသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။အုန်းရည်မှာပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ် ပမာဏကို ထိန်းသိမ်းဖို့ကိုအကောင်းဆုံးကူညီပေးနိုင်ပါတယ်။အုန်းရည်ဟာ အားကစားသမားတွေနဲ့ချွေးထွက်များသူတွေအတွက် Soprt Drink အနေနဲ့သောက်သုံးနိုင်ပြီး သကြားပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးနဲ့ ပိုပြီးညီညွှတ်ပါတယ်။

(၃) ဆီးချိုရောဂါကို ကာကွယ်ပေးတယ်

Source : Shutterstock

အုန်းရည်ဟာ သကြားပါဝင်မှုနည်းပြီး ဗီတာမင်ဓာတ် သတ္တုဓာတ် မဂ္ဂနီဆီယမ်ဓာတ်တွေများစွာပါဝင်တာကြောင့် ကျန်းမာရေးအရသောက်သုံးသင့်တဲ့ သောက်စရာဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ဒါ့အပြင်အုန်းရည်သောက်သုံးခြင်းဖြင် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာကြောင့် ဆီးချိုရောဂါကိုကြိုတင်ကာကွယ်ပေးနိုင်သလို ဆီးချိုရောဂါခံစားနေရတဲ့သူတွေအနေနဲ့လည်း စိတ်ချစွာသောက်သုံးနိုင်တဲ့ ကျန်းမာရေးဓာတ် စာတစ်ခုဖြစ်ပါတယ်။

(၄) သွေးပေါင်ချိန်လျော့ကျစေတယ်

Source : Shutterstock

ကျန်းမာတဲ့လူနေမှုဘဝအတွက် အရေးကြီးဆုံးက သွေးပေါင် ချိန်မှန်ကန်ကောင်းမွန်နေဖို့ဖြစ်ပါတယ်။သွေးပေါင်ချိန်မြှင့်တက်ခြင်းဟာ နှလုံးကျန်းမာရေးကိုအဆိုးရွှားဆုံးထိခိုက်စေပြီး သွေးပေါင်တက်ခြင်းကြောင့် နှစ်စဉ်လူသန်းနဲ့ချီသေဆုံးနေရတာ ဖြစ်ပါတယ်။ဒီလိုကြောက်စရာကောင်းတဲ့သွေးပေါင်ချိန်မြှင့်တက်ခြင်းကိုကာကွယ်နိုင်တဲ့နည်းလမ်းတစ်ခုကအုန်းရည်သောက်ခြင်းပါ။အုန်းရည်မှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က သွေးပေါင်ချိန်ကို အမြန်ဆုံးလျော့ကျစေပြီး နှလုံးကျန်းမာရေးကိုလည်းအထောက်အပံ့ကောင်းတွေပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

(၅) ကိုယ်အလေးချိန်ကျဖို့ ကူညီပေးတယ်

Source : Shutterstock

ကိုယ်အလေးချိန်လျော့ချဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။စားသောက်နေထိုင်မှုပုံစံတွေအားလုံးကို ပြောင်းလဲပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မှသာ လိုချင်တဲ့ဘော်ဒီဝိတ်နဲ့ ခန္ဓာကိုယ်အချိုးအစားမျိုးရရှိမှာဖြစ်ပါတယ်။အုန်းရည် ဟာသင့်ရဲ့ကိုယ်အလေးချိန်ကျဖို့ များစွာကူညီပေးမှာ ဖြစ်ပါတယ်။အုန်းရည်မှာ ကိုလက်စထရောပါဝင်မှုမရှိပဲ သဘာဝ သကြားဓာတ်သာပါဝင်တာကြောင့် နေ့စဉ်ပုံမှန်သောက်သုံးမယ်ဆိုရင် ကိုယ်အလေးချိန်လျော့ကျစေမှာဖြစ်ပါတယ်။