လေတက်တယ်ဆိုတာဟာ အစာအိမ်အတွင်းမှာ လေတွေစုဝေးလာပြီးတော့ ဒီလေတွေစုဝေးလာရာကနေ ဖြစ်ပေါ်လာတဲ့ဖိအားတွေကို ခန္ဓာကိုယ်ကဖယ်ရှားပစ်ချင်တဲ့အခါ ပေါ်ပေါက်လာရတဲ့အခြေအနေပါ။
ဒီလိုအခြေအနေက အိမ်မှာဆိုရင် ဘာပြဿနာမှ မရှိနိုင်ပေမယ့် လူကြားသူကြားထဲရောက်တဲ့အခါ တဂေ့ဂေ့ဖြစ်နေလို့ ဘယ်လိုမှအဆင်မပြေတာကြောင့် သက်သာစေမယ့် နည်းလမ်းကောင်းလေးတွေနဲ့ ရှောင်ရှားရမယ့် အရာတွေကို ဖော်ပြပေးလိုက်ရပါတယ်။
ဂတ်စ်ပါတဲ့အအေးတွေရှောင်ပါ
Source: Personal Excellence
- ဂတ်စ်ပါတဲ့အအေးတွေကိုသောက်သုံးတာက ခန္ဓာကိုယ်တွင်းမှာ ဂတ်စ်တွေပိုပြီးစုဝေးလာစေတာကြောင့် လေတက်ခြင်းကို ပိုပြီးဖြစ်လာစေနိုင်ပါတယ်။
- အရမ်းပူတဲ့ဖျော်ရည်တွေကို အအေးခံပြီးမှသောက်ပါ။
- ပိုက်မသုံးပါနဲ့။ ပိုက်နဲ့အအေးတို့ရေတို့သောက်ခြင်းက လေကိုပါမြိုချသလိုဖြစ်နိုင်လို့ အတတ်နိုင်ဆုံးရှောင်ရှားပါ။
- ဆေးလိပ်မသောက်ပါနဲ့။ စီးကရက်တွေကတဆင့် လေကိုရှူသွင်းလိုက်တဲ့အခါ တချို့တလေကို မြိုချလိုက်နိုင်ပါတယ်။
- အစားစားတဲ့အခါ ဖြေးဖြေးလေးစားပါ။ မနားမရပ် အသားကုန်စားခြင်းက လေတက်ခြင်းဖြစ်ဖို့ ပိုပြီးအခွင့်အလမ်းများသွားစေနိုင်ပါတယ်။
- အစားအသောက်ဝါးနေချိန်မှာ ပါးစပ်ပိတ်ပြီးဝါးပါ။ စကားမပြောမိအောင်လည်း ကြိုးစားပါ။
Source: mynet.com
- အင်မတန်ကြပ်ထုပ်တဲ့အဝတ်အစားတွေ မဝတ်ပါနဲ့။ ခါးနားမှာ အတင်းဖြစ်ညှစ်ပြီးဝတ်ထားပါက လေတွေကို အပေါ်သို့ညှစ်ထုတ်သလိုဖြစ်သွားနိုင်ပါတယ်။
ဂျင်းရေနွေးကြမ်းသောက်ပါ
အချိန်အကြာကြီး လေတွေတက်နေပါက ဂျင်းနည်းနည်းလောက်ကိုစားပေးလိုက်ပါ။ နောက်တစ်နည်းအနေနဲ့ ဂျင်းလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ကြိတ်ပြီးတော့ အပေါ်ကနေ ရေနွေးပူပူလောင်းချကာ ငါးမိနစ်နှပ်ထားပါ။ အဖတ်တွေစစ်ထုတ်လိုက်ပြီး အအေးခံကာ သောက်သုံးပေးလိုက်ပါ။
Source: Nutrition Force
Featured Image Source: Gulf News