အကြိုက်မတူရင်မတူမယ်၊ မိန်းကလေးတွေအားလုံးမှာ တူညီတဲ့အချက်တစ်ချက်ကတော့ ရာသီချိန်မှာ နာကျင်ကိုက်ခဲမှုကို ခံစားရတဲ့အခါပါပဲ။ တစ်သက်မှာတစ်ခါလောက်တောင် နာကျင်မှုကို မခံစားဖူးသေးဘူးဆိုတဲ့ မိန်းကလေးဆိုတာ ရှာရအလွန်ခက်ခဲနိုင်ပါတယ်။

ဒီလိုဝေဒနာကို လတိုင်းလတိုင်း ခံစားနေရတဲ့အတွက်ကြောင့် အချို့မိန်းကလေးတွေဟာဆိုလျှင် ယောကျ်ားလေးတွေနဲ့တောင် ခန္ဓာကိုယ်ချင်း လဲလိုက်ချင်လောက်တဲ့စိတ်ပါ ပေါ်နေကြပါတယ်။

ဒါပေမယ့် နည်းသိရင် ဘာမှကြောက်နေစရာ စိတ်ညစ်နေစရာမလိုတော့တာကြောင့် ဝေဒနာခံစားရပြီဆိုရင် ဘယ်လိုသက်သာအောင် လုပ်ဆောင်နိုင်သလဲဆိုတာ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

အပူကပ်ပါ

Source: estrategiaynegocios.net

ရာသီချိန်မှာ နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရပြီဆိုပါက ၄၀ ဒီဂရီဆဲလ်စီးရပ်စ်ရှိတဲ့ ရေပူအိတ်ကို ဝမ်းဗိုက်ပေါ် ကပ်ပေးထားလိုက်ပါက နာကျင်မှုကို တဖြည်းဖြည်းဖယ်ရှားပေးမှာဖြစ်ပါတယ်။

ကောင်းကောင်းအိပ်ပါ

Source: Dr. Michelle Robin

ကျန်းမာဖို့အတွက် အိပ်ရေးဝဖို့လိုအပ်တယ်ဆိုပေမယ့်လည်း ရာသီချိန်မှာ အိပ်ပျော်ဖို့ဆိုတာ အင်မတန်ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ညအိပ်တဲ့အခါ သန္ဓေသားပုံစံလေးနဲ့ အိပ်စ်ခြင်းက ဝမ်းဗိုက်တစ်ဝိုက်ရှိ ကြွက်သားတွေကို ပြေလျော့စေကာ နာကျင်မှုကို သက်သာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ခြေထောက်လေးတွေကို ကွေးထားတဲ့အတွက်ကြောင့် ယိုစိမ့်ခြင်းတွေကိုလည်း ကြုံရတော့မှာမဟုတ်ပါဘူး။

ရေဓာတ်ဖြည့်တင်းပါ

Source: for health and beautiful skin

ရာသီချိန်မှာ ရေအေးထက် ရေနွေးနွေးလေး သို့မဟုတ် ရေပူသောက်သုံးခြင်းက ဖောရောင်ခြင်းတို့ကို ရှောင်ရှားနိုင်သလို နာကျင်မှုကိုလည်း ဖယ်ရှားပစ်မှာဖြစ်ပါတယ်။ အကယ်လို့ ကိုယ်က ရေသောက်ရတာ သိပ်မကြိုက်ဘူးဆိုရင်တော့ သခွားသီး၊ ဂေါ်ဖီ၊ ဖရဲသီး၊ မက်မွန်သီးနဲ့ ဘယ်ရီသီးတို့လို ရေဓာတ်ကြွယ်ဝတဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။

တချို့သောအစားအစာများကို ရှောင်ကြဉ်ပါ

Source: dailystar.co.uk

ရာသီလာနေချိန်မှာ ဖောရောင်ခြင်း၊ ရေဓာတ်စုဝေးခြင်းတို့ကို ဖြစ်စေနိုင်တဲ့ အရက်သေစာ၊ ချောကလက်၊ ဂတ်စ်ပါတဲ့ အချိုရည်များ၊ ဘာဂါများတို့လို အဆီနဲ့ အငံများတဲ့ အစားအသောက်များကို ရှောင်ကြဉ်လိုက်ပါ။

Featured Image Source: lumirawellness.com