အမေရိကန်နိုင်ငံမှာဆိုရင် လူငါးယောက်ရှိပါက ၁ ဦးကတော့ နာတာရှည် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ဒီလိုခံစားလာရပြီဆိုရင် ပုံမှန်လူနေမှုဘဝကို နေထိုင်နိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲလာပါပြီ။
တစ်ဦးနဲ့တစ်ဦး ခံစားရတဲ့ နာကျင်ကိုက်ခဲမှုအကြောင်းအရင်းဟာဆိုရင် မတူနိုင်ကြပါဘူး။ ဒါကြောင့်လည်း သူ့အတွက်သက်သာစေတဲ့ ဆေးကို ကိုယ်သောက်လိုက်လို့ ကိုယ်ပါကောင်းသွားနိုင်မှာမဟုတ်ဘူးဆိုတာကို သိထားရပါမယ်။
အကြောင်းအရင်းများ
Source: Medical News Today
- ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်ရောင်နာ သို့မဟုတ် အဆစ်အမြစ်ပြဿနာများ
- ကြွက်သားအဆစ်လွဲခြင်း၊ အရိုးကျိုးခြင်း၊ ခွဲစိတ်ထားခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်း လှုပ်ရှားမှု မမှန်ကန်ခြင်း၊ အက်စစ်ပြန်စီးခြင်း၊ ကင်ဆာ၊ သွေးတွင်းကပ်ပါးကောင်ရောဂါနှင့် သွေးလုံးတည်ခြင်း
- အပြင်းအထန်စိတ်ဓာတ်ကျခြင်း သို့မဟုတ် အခြားသောစိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေများ
- ဗီတာမင်ဒီချို့တဲ့ခြင်း
လက္ခဏာများ
Source: Best Health Magazine Canada
- ၃ လ သို့မဟုတ် ၃ လထက်ပိုပြီး နာကျင်ဝေဒနာခံစားရခြင်း
- ခန္ဓာကိုယ်လှုပ်ရှားမှုများ နှေးကွေးလာခြင်း
- အားအင်တွေ ကုန်ခမ်းလာခြင်း
- စိုးရိမ်ကြောင့်ကြမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့လို ပြဿနာများကြုံတွေ့လာခြင်း
- လူနေမှုဘဝ၊ မိသားစုပြဿနာများ၊ မကြာမကြာ ဒေါသထွက်လွယ်ခြင်း၊ အပြစ်တင်စိတ်များနှင့် သေကြောင်းကြံစည်စိတ်တွေပေါ်လာခြင်း
- အိပ်မပျော်ခြင်း
ကုသနည်းများ
ပူနွေးနွေးလေးဖြစ်နေတဲ့ နွားနို့တစ်ခွက်ထဲကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ဖျော်ပြီး သေချာမွှေကာ သောက်ပေးပါ။ တစ်နေ့နှစ်ကြိမ်သောက်သုံးပေးပါက နာကျင်ကိုက်ခဲဝေဒနာများကို သက်သာစေမှာဖြစ်ပါတယ်။
Featured Image Source: Silver Strand Physical Therapy