တရုတ်နံနံပင်တွေမှာ ဖိုက်ဘာဓာတ်ကြွယ်ဝတာကြောင့် ပြည့်အင့်မှုကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်လည်း တထိုင်တည်းနဲ့ အများကြီးမစားနိုင်တာပါ။ သူ့ကို ဖျော်ရည်အနေနဲ့ သောက်မယ်ဆိုရင်တော့ ဖိုက်ဘာဓာတ်ကို ဖယ်ရှားလိုက်နိုင်မှာဖြစ်ပါတယ်။

ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် အခြားသောအာဟာရဓာတ်များပါဝင်သည့် တရုတ်နံနံဖျော်ရည်ဟာဆိုရင် ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဖျော်ရည်တစ်ခွက်ဖြစ်ပါတယ်။ အခြားဖျော်ရည်တွေထက် သကြားနှင့် ကယ်လိုရီပါဝင်မှုနည်းပါတာကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူများ အတွက်လည်း အသင့်တော်ဆုံးဖြစ်ပါတယ်။

မျက်စိပြဿနာများ ဖြေရှင်းပေးခြင်း

Source: Reader’s Digest

အမြင်အားအတွက် အဓိကအခန်းဏ္ဍအနေနဲ့ ပါဝင်နေတဲ့ တရုတ်နံနံမှာ ဗီတာမင်အေ မြင့်မားစွာပါဝင်တာကြောင့် မျက်လုံးတွင်းသို့ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။

ကင်ဆာဖြစ်နိုင်ခြေ လျော့ကျစေခြင်း

Source: ABC News – Go.com

ကင်ဆာဆဲလ်တွေကို အားနည်းသွားစေနိုင်တဲ့ Luteolin ပါဝင်တာကြောင့် တရုတ်ဆေးနည်းတွေမှာဆိုရင် တရုတ်နံနံကို ဆေးတစ်မျိုးအနေနဲ့ ထည့်သွင်းအသုံးပြုခဲ့ကြတာ ယနေ့အထိပါပဲ။

Type 2 ဆီးချိုကာကွယ်ပေးခြင်း

Source: YaleNews – Yale University

အခုလို အရာရာတိုးတက်နေတဲ့ ခေတ်ကြီးမှာတောင်မှ Type 2 ဆီးချိုဟာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုဖြစ်နေဆဲပါ။ ခန့်မှန်းချက်များအရ ၂၀၃၀ ခုနှစ်ရောက်သည့်အခါ ကမ္ဘာ့လူဦးရေပေါင်း သန်းလေးရာဟာ ဒီဆီးချိုရောဂါကို ခံစားရနိုင်ခြေရှိပါတယ်။

ဗီတာမင်ကေပါဝင်တဲ့ တရုတ်နံနံဟာဆိုရင် အခုလိုအခြေအနေဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုဖြစ်တာကြောင့် မနက်ခင်းတိုင်းမှာ ဖျော်ရည်အနေနဲ့ သောက်သုံးလိုက်ပါ။

ဖောလစ်ဓာတ်မြင့်မားခြင်း

Source: BrightSide

သွေးနီဥ နှင့် သွေးဖြူဥများ ဖွံ့ဖြိုးရန်အတွက် မရှိမဖြစ်လိုအပ်သော ဖောလစ်ဓာတ်ဟာဆိုရင် ကာဗိုဟိုက်ဒရိတ်တွေကို အားအင်အဖြစ်သို့ ပြောင်းလဲပစ်တဲ့ အရာတစ်ခုအနေနဲ့လည်း ဆောင်ရွက်ပေးပါတယ်။