အံဆုံးသွားကိုက်တဲ့အခါ ခံစားရတဲ့ နာကျင်ဝေဒနာကို ကြုံတွေ့ဖူးသူများသာလျှင် ကိုယ်ချင်းစာတတ်ကြမှာပါ။ အသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြားမှာ ဖြစ်ပေါ်လာတတ်တဲ့ အံဆုံးသွားနဲ့ပတ်သက်လို့ ခံစားရသူတွေရှိပေမယ့်လည်း အချို့သူများကတော့ ကံကောင်းထောက်မစွာဖြင့်ပင် မကြုံတွေ့ကြပါဘူး။

ဒီလိုမျိုး ခံရခက်တဲ့ အံဆုံးသွားပေါက်တဲ့ဒဏ်ကို သက်သာစေဖို့ရာ ဆေးဝါးတွေမလိုဘဲ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ဆားရေနွေးနွေး

ဆားဟာ သဘာဝအတိုင်း ရောဂါပိုးတွေကို သေစေနိုင်တာကြောင့် ရေနွေးနွေးတစ်ခွက်ထဲမှာ ဆားထည့်ရောပြီး ပလုတ်ကျင်းပေးပါ။ သွားကိုက်တာကို ချက်ချင်းသက်သာသွားစေမှာဖြစ်ပြီး မိနစ်အနည်းငယ်လောက်လုပ်ပေးရပါမယ်။ လွယ်ကူရုံသာမက တကယ်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါအနှစ်

အံဆုံးပေါက်လို့ နာကျင်ဝေဒနာသာမက ရောင်ရမ်းခြင်းကလည်း နောက်ဆက်တွဲလိုက်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ မုန့်ဖုတ်ဆိုဒါက ကူညီပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို သွားတိုက်ဆေးနဲ့ရောပြီးတော့ အံဆုံးသွားပေါ်ကို တိုက်ရိုက်တိုက်ပေးပါ။ မိနစ်အနည်းငယ်အတွင်းမှာပဲ နာကျင်မှုကို သက်သာစေနိုင်မှာပါ။

ရေခဲကပ်ခြင်း

ဘယ်လိုရောင်ရမ်းမှုမျိုးကိုမဆို ရေခဲကသက်သာအောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာ လူတိုင်းနီးပါး သိထားကြပါတယ်။ ရေခဲကြပ်ထုပ်ကို သွားကိုက်နေတဲ့ ပါးမှာကပ်ပေးပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ခွာလိုက်ပြီး ၁၅ မိနစ်နားပေးပါ။ တစ်နေ့လျှင် ခဏခဏပြုလုပ်ပေးရမှာဖြစ်ပြီး ရောင်ရမ်းကိုက်ခဲခြင်းတို့အတွက် အထူးကောင်းမွန်ပါတယ်။

လက်ဖက်ရည်ကြမ်းအိတ်များ

အံဆုံးသွားကိုက်တဲ့ နာကျင်မှုကို သက်သာစေဖို့အတွက် လက်ဖက်ရည်ကြမ်းအိတ်အစုံကိုလည်း အသုံးပြုပေးနိုင်ပါသေးတယ်။ လက်ဖက်ရည်ကြမ်းပူငွေ့ငွေ့လေးကို ရောင်ရမ်းမှုကို လျော့ကျစေရုံသာမက ကိုက်နေတဲ့သွားအပေါ်ကို တင်ပေးခြင်းကလည်း နာကျင်မှုကို အတော်အသင့် သက်သာစေပါတယ်။

လေးညှင်းပွင့်

အဖိုးအဖွားတွေ ခေတ်ကတည်းက အသုံးပြုလာတဲ့ လေးညှင်းပွင့်ကို ကိုက်နေတဲ့သွားအပေါ်မှာတင်ပေးထားခြင်းဖြင့် ပိုးတွေကိုသေစေပြီး ထုံကျင်နေတာတွေကိုလည်း သက်သာစေမှာပါ။ လေးညှင့်ပွင့်ကို ဂွမ်းထဲထည့်ပြီး အသုံးပြုနိုင်သလို အရသာပြင်းတယ်လို့ ထင်ပါက သံလွင်ဆီနဲ့ရောစပ်နိုင်ပါတယ်။

နနွင်းပလုတ်ကျင်းရည်

နနွင်းမှာပါဝင်တဲ့ သဘာဝအစွမ်းတွေဟာ အံဆုံးပေါက်တဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ နနွင်းအနည်းငယ်ကို ရေထဲထည့်ဖျော်ပြီး ပလုတ်ကျင်းပေးလိုက်ပါ။

အအေးခံထားသည့် သခွားသီး

သခွားသီးကို ပါးပါးလှီးကာ အအေးခံထားပြီး ကိုက်နေတဲ့သွားမှာ ကပ်ပေးထားလိုက်မယ်ဆိုရင် နာကျင်ဝေဒနာကို သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီက အနံ့ပြင်းပေမယ့်လည်း သွားကိုက်တာကို ကုသရာမှာတော့ ဆရာတစ်ဆူပါပဲ။ ကြက်သွန်နီကို အကွင်းလိုက်လှီးကာ သွားမှာကပ်ပေးထားမယ်ဆိုရင် ပါးစပ်အတွင်းက ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး နာကျင်မှုကို သက်သာစေမှာပါ။

Credit: BrightSide