ကျောက်ကပ်ရောဂါ နာတာရှည်ဖြစ်နေတဲ့သူတွေဟာ အစားအသောက်တင်မကပဲ အစစအရာရာကို သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာလိုက်နာပြီး ရှောင်သင့်တာတွေကိုရှောင်မှ ဖြစ်မှာပါ။ ဒါကြောင့်‌ ကျောက်ကပ်ရောဂါရှိတဲ့သူတွေအနေနဲ့ ရှောင်ကြဉ်ရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျောက်ကပ်ရောဂါရှိတဲ့သူတွေဟာ အငန်ဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ဖို့ လိုပါတယ်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ လျက်ဆား စတာတွေကို ရှောင်ကြဉ်ရပါမယ်။ အချိုမှုန့်နဲ့ တညင်းသီး လုံးဝကို မစားရပါဘူး။ အနီရောင်ဖြစ်နေတဲ့အသားတွေနဲ့ ဝမ်းတွင်းအူကလီစာတွေကိုလည်း ရှောင်ပေးပါ။ ငရုပ်သီးများတဲ့ ပူပူစပ်စပ် အစားအစာတွေကိုလည်း မစားသင့်ပါဘူး။

Source: www.medicalnewstoday.com

ဆိုဒါပါတဲ့ အချိုရည်တွေကို မသောက်ပါနဲ့။ ဆော်ဒါနဲ့ ပြုလုပ်ထားတဲ့အစားအစာတွေဖြစ်တဲ့ ခေါက်ဆွဲ၊ အီကြာကွေး၊ ဘိန်းမုန့်၊ ကိတ်မုန့် စတာတွေကို ရှောင်ပေးပါ။ ဆီကြော်မုန့်တွေဖြစ်တဲ့ အာလူးကြော်၊ အကြော်စုံ၊ အီကြာကွေး၊ ဆာမူစာ၊ ပလာတာတို့ကိုလည်း မရှောင်နိုင်ရင်တောင် လျော့စားပေးပါ။ ဒါ့အပြင် မှိုတက်တဲ့အစားအစာတွေဖြစ်တဲ့ လက်ဖက်၊ ပုစွန်ခြောက်၊ ငါးခြောက်၊ မြေပဲ၊ ပေါင်မုန့်၊ ငရုပ်သီးမှုန့် စတာတွေကိုလည်း ရှောင်ပေးပါ။ ဓာတုဆိုးဆေးတွေပါဝင်တဲ့ အချိုရည်၊ မက်မန်းသီး၊ အချဉ်ပေါင်းနဲ့ မျှစ်တို့ကိုလည်း ရှောင်ကြဉ်ပါ။

Source: www.medicalnewstoday.com

အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောအတိုင်းမသောက်ပါနဲ့။ ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးပါ။ နောက်ဆုံးအနေနဲ့ကတော့ အရက်၊ ဘီယာသောက်သုံးခြင်းနဲ့ ကွမ်းစားခြင်းတို့ကို ရှောင်ပေးရပါမယ်။

Source: www.bbcgoodfood.com