Gym တွေကိုသွားပြီး လေ့ကျင့်ခန်းလုပ်မှ၊ အိမ်မှာအချိန်သက်သက်ပေးပြီး လေ့ကျင့်ခန်းလုပ်တာတွေမှ အကျိုးရှိတာမျိုးမဟုတ်ပါဘူး။ နေ့တိုင်းသွားလာလှုပ်ရှားလုပ်ကိုင်နေရင်းနဲ့ပဲ လေ့ကျင့်ခန်းသဘောမျိုးဖြစ်အောင် လုပ်ပေးလို့ရတဲ့နည်းလမ်းတွေလည်းရှိနေပါသေးတယ်။ ဒါကြောင့် အချိန်မရှိလို့ လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးဆိုတဲ့ ဆင်ခြေတွေကို စွန့်လွှတ်လိုက်ပါတော့။

လှုပ်လှုပ်ရှားရှားနေပါ

တစ်ချို့တွေကျတော့ ခန္ဓာကိုယ်လှုပ်ရှားမှုသိပ်ပြီးတော့ မရှိကြပါဘူး။ ဒီလိုလူမျိုးတွေက ဝိတ်တက်တာပိုမြန်စေပြီး ကိုယ်အလေးချိန်ပြန်ကျဖို့လည်း မလွယ်ကူတော့ပါဘူး။ ဆိုလိုချင်တာက ထိုင်နေတာမျိုးပဲ လုပ်မနေပဲ လှုပ်လှုပ်ရှားရှားနေသင့်တာမျိုးကို ပြောတာပါ။ ဥပမာ သွားတိုက်နေတဲ့အချိန် ဆိုရင်လည်း ခြေထောက်တွေကိုလွဲပြီး လေ့ကျင့်ခန်းလုပ်ပေးနေတဲ့ပုံစံမျိုးပေါ့။

လှေကားတွေကိုအသုံးပြုပါ

ဓာတ်လှေကားတွေ၊ စက်လှေကားတွေရှိလာတယ်ဆိုပေမယ့်လည်း ခန္ဓာကိုယ်ကျန်းမာသန်စွမ်းနေဖို့အတွက် လှေကားကိုပဲ အသုံးပြုပေး သင့်ပါတယ်နော်။ အထပ် ၃၀ လောက်ကို လှေကားနဲ့တပ်ရတာမျိုးလည်း မရှိသေးဘူးဆိုတော့ အဆင်ပြေမှာပါ။

ကလေးတွေနဲ့ကစားပေးပါ

အိမ်မှာရှိတဲ့ကလေးတွေနဲ့ ပြေးလွှားပြီးကစားတာမျိုးတွေကလည်း ကိုယ်လက်လှုပ်ရှားမှုတစ်ခုဖြစ်တာကြောင့် Gym ပုံမှန်မသွားဖြစ်ဖူးဆိုရင်တော့ ဒီနည်းလမ်းနဲ့ဆိုရင် ကယ်လိုရီတွေကိုကောင်းကောင်းလောင်ကျွမ်းစေမှာပါ။

လမ်းများများလျှောက်ပေးပါ

ကားတွေ၊ Taxi တွေကိုပဲ သုံးပြီးသွားနေတာမျိုးတွေကို လျော့လိုက်ပြီး အိမ်နဲ့လမ်းထိပ်ပဲဖြစ်ဖြစ်၊ ကားမှတ်တိုင်ကနေ အလုပ်ထဲကိုပဲဖြစ်ဖြစ် လမ်းလျှောက်တာမျိုး တတ်နိုင်သလောက် အခွင့်အရေးရရင်ရသလိုမျိုး လမ်းလေ ျှာက်တဲ့အကျင့်ကို လုပ်ထားပေးဖို့လိုပါတယ်။

အိမ်သန့်ရှင်းရေးလုပ်ပါ

အိမ်သန့်ရှင်းရေးလုပ်ဖို့ကို တခြားသူကိုခိုင်းစေနေတာထက်စာရင် ကိုယ်တိုင်လုပ်တာက ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

Photo Source: Pinterest