Workout လုပ်ပြီးသွားတဲ့အခါမှာတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်တွေက ကုန်ခမ်းသွားပါတယ်။ ကုန်ခမ်းသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Workout လုပ်ပြီးတဲ့အချိန်မှာ ရေဓာတ်ပြန်ရအောင်ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်း (၆) မျိုးကို ပြောပြပေးလိုက်ပါတယ်။

ပရိုတင်းဓာတ်ပါတဲ့အစားအစာတွေကို စားပေးပါ။

Workout လုပ်ပြီးတဲ့အချိန်မှာ ရေဓာတ်ပြန်လည်ပြည့်ဝစေဖို့ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ကြက်ဥနဲ့ ငှက်ပျောသီးကို စားပေးခြင်းဖြင့် ရေဓာတ်ကိုပြန်လည်ဖြည့်တင်းနိုင်ပါတယ်။

ရေသောက်ပါ။

Workout လုပ်ပြီးသွားရင် ရေဓာတ်ပြန်လည်ပြည့်ဝဖို့ ရေကတော့ သေချာပေါက် များများသောက်ပေးရမှာပေါ့။

Lemon Juice သောက်ပါ။

Workout လုပ်ပြီးသွားတဲ့အချိန်မှာ ကုန်ခမ်းသွားတဲ့ရေဓာတ်တွေ ပြန်လည်ပြည့်ဝပြီး ကုန်ခမ်းသွားတဲ့ Energy တွေ ပြန်ရလာစေဖို့၊ လန်းဆန်းလာစေဖို့ Lemon Juice ကိုလည်း သောက်ပေးနိုင်ပါတယ်။

အုန်းရေသောက်ပါ။

Workout လုပ်ပြီးတဲ့အချိန်မှာ အုန်းရေတစ်ခွက်ကိုသောက်ပေးမယ်ဆိုရင်တော့ ကုန်ခမ်းသွားတဲ့အားအင်တွေနဲ့ ကုန်ခမ်းသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

Smoothies သောက်ပါ။

သစ်သီးနဲ့ပြုလုပ်ထားတဲ့ သဘာဝ Smoothies တွေကို Workout လုပ်ပြီးချိန်မှာ သောက်ပေးမယ်ဆိုရင်တော့ ကုန်ခမ်းသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး အမောလည်းပြေစေပါတယ်။

Photo Source: www.womensok.com