လူအချို့က ကိုယ်ဘာလုပ်လုပ် အမှန်တွေချည်းပဲလို့ တထစ်ချ ယူဆတတ်ကြပါတယ်။ လက်ခြောက်ဖို့ အခြောက်ခံစက်သုံးခြင်း၊ ဘေစင်ထဲမှာ ပန်းကန်တွေစိမ်ထားခြင်း၊ ကော်ဖီမသောက်ဘဲမနေတတ်ခြင်း စတဲ့ အလေ့အထလေးတွေကို တစ်သက်မှာ တခါတော့ ပြုလုပ်မိတတ်ပါတယ်။

ဒီလိုမျိုး ဘာမှမတွေးတောဘဲ လုပ်လိုက်မိတဲ့ အလေ့အကျင့်၊ အပြုအမူလေးတွေက ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်မှုတွေဖြစ်လာစေနိုင်တဲ့အတွက် ရှောင်ရှားနိုင်ဖို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ ဘေစင်ထဲ ပန်းကန်များစိမ်ထားခြင်း

ဘေစင်ဟာ ဘတ်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးနေရာပါ။ ဗိုက်အောင့်တာ၊ အူရောင်တာတွေမဖြစ်စေဖို့အတွက် ပန်းကန်ဆေးပြီးတိုင်းသာမက အသားစိမ်းငါးစိမ်း၊ ဟင်းသီးဟင်းရွက်တို့နဲ့ ထိတွေ့ပြီးတိုင်း ဆေးကြောသင့်ပါတယ်။

၂။ ရေပူနဲ့လက်ဆေးခြင်း

ပိုးမွှားတွေကို သေစေဖို့အတွက် ရေအပူချိန်ကသိပ်ပြီး အရေးမကြီးပါဘူး။ ၅ စက္ကန့်လောက်ပဲကြာအောင် လက်ဆေးမယ်ဆိုရင် သေချာပြောင်စင်မှာမဟုတ်ပဲ စက္ကန့်သုံးဆယ်ဆိုရင်တော့ လက်ပေါ်ကဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

ရေပူနဲ့ မကြာခဏ ရေဆေးခြင်းက အသားအရေယားယံတာတွေ၊ ရောင်ရမ်းနီရဲတာတွေ ဖြစ်လာနိုင်ပါတယ်။

၃။ မိတ်ကပ်လိမ်းပြီး လေ့ကျင့်ခန်းလုပ်ခြင်း

တခါတလေ ရုံးကနေပြီး Gym တန်းသွားရလို့ မိတ်ကပ်ဖျက်ချိန်မရှိနိုင်ပါဘူး။ ဒါပေမယ့်လည်း လေ့ကျင့်ခန်းလုပ်နေစဉ်မှာ အသားအရေက အသက်ရှူထုတ်လုပ်ပြီး သူ့ဘာသာသန့်ရှင်းရေးလုပ်ရလို့ မိတ်ကပ်လိမ်းထားမယ်ဆိုရင် ချွေးပေါက်တွေပိတ်သွားနိုင်ပါတယ်။

ထိုမှတဆင့် အသားအရေပြဿနာတွေ ဖြစ်လာနိုင်လို့ လေ့ကျင့်ခန်းမလုပ်ခင် မိတ်ကပ်ဖျက်ဖို့ သတိရပါ။

၄။ လက်ခြောက်ခံစက် အသုံးပြုခြင်း

လျှပ်စစ်အခြောက်ခံစက်တွေဟာ ဘတ်တီးရီးယားပိုးတွေ ဖမ်းယူပြီး ပြန်လည်ထုတ်လွှတ်ပေးလို့ လူများရဲ့ အဆုတ်၊ အသားအရေ သို့မဟုတ် ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် စက္ကူတစ်သျှူးများကိုပဲ အသုံးပြုပါ။

၅။ အစားအသောက်ထည့်အိတ်ကို တစ်ကြိမ်ထက်ပိုပြီး အသုံးပြုခြင်း

အသားစိမ်းတွေဝယ်တဲ့အခါမှာဆိုရင် ဘတ်တီးရီးယားတွေဟာ အခြားဟင်းသီးဟင်းရွက်တွေကိုလည်း ပျံ့နှံ့သွားနိုင်ပြီး စွဲကျန်နေနိုင်လို့ ဖြစ်နိုင်ရင် တစ်ခါသုံးအိတ်ကိုသုံးတာဖြစ်ဖြစ် မကြာခဏဆေးပေးတာဖြစ်ဖြစ် ပြုလုပ်ပေးပါ။

၆။ စဉ့်တီတုံးတစ်ခုထဲမှာ အသားနဲ့ဟင်းသီးဟင်းရွက်တွေ လှီးဖြတ်ခြင်း

အသားစိမ်းငါးစိမ်းလှီးပြီးတဲ့အခါမှာ ဘတ်တီးရီးယားတွေတင်ကျန်ခဲ့လို့ ဟင်းသီးဟင်းရွက်များကိုလှီးဖို့အတွက် စဉ့်တီတုံးအသစ် သပ်သပ်ထားပေးပါ။