မီးဖိုချောင်တွေထဲမှာ မရှိမဖြစ် အသုံးပြုလေ့ရှိတဲ့ ကြက်သွန်ဖြူကို လူတွေက နှစ်ခြိုက်စွာ စားသုံးလျက်ရှိနေပါတယ်။ ကြက်သွန်ဖြူကို ဟင်းချက်ရုံအတွက်သာမကဘဲ ဆေးအနေနဲ့ပါ မကြာခဏ အသုံးပြုလာကြပါတယ်။ သို့သော်ငြားလည်း အရာရာတိုင်းမှာ ကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲနေတယ်ဆိုသလိုမျိုး ကြက်သွန်ဖြူလည်းပဲ ထိုနည်းတူပါပဲ။
ဒါကြောင့် ကြက်သွန်ဖြူကို အများကြီးစားတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
ခံတွင်းနံ့ပြင်းထန်ခြင်း
ခံတွင်းအနံ့အသက် ဆိုးရွားစေတဲ့ ဓာတုဓာတ်တွေအများအပြားက ကြက်သွန်ဖြူထဲမှာပါဝင်နေပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူပါဝင်တဲ့ အစားအသောက်တစ်ခုခုကို စားသုံးပြီးနောက် အပြင်သွားရမယ်ဆိုရင် သေချာသတိထားပါ။
အသားအရေနီရဲခြင်း
ကြက်သွန်ဖြူတွေမှာ Alliinase လို့ခေါ်တဲ့ အန်ဇိုင်းတစ်မျိုးပါဝင်လို့ အသားအရေနီရဲမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အချို့ပညာရှင်များက ကြက်သွန်ဖြူလှီးတဲ့အခါမှာ လက်အိတ်တွေကို ဝတ်ဆင်ဖို့ အကြံပေးထားတာပါ။
ခေါင်းကိုက်စေခြင်း
ကြက်သွန်ဖြူကို အစိမ်းလိုက်စားမယ်ဆိုရင်လည်း ခေါင်းကိုက်မှုကို ဖြစ်ပေါ်စေပါတယ်။ ချက်ချင်းလက်ငင်းဖြစ်ပေါ်စေတာတော့ မဟုတ်ပေမယ့်လည်း ဖြည်းဖြည်းချင်းပေါ်လာစေနိုင်တာပါ။
အင်္ဂါယားယံမှုကို ဖြစ်ပွားစေခြင်း
အမျိုးသမီးတွေအတွက် ကိုယ်အင်္ဂါဂရုတစိုက်ရှိဖို့က အလွန်အရေးကြီးပါတယ်။ ဒီလိုမျိုး အင်္ဂါယားယံမှုတွေဖြစ်လာပြီဆိုရင်တော့ တခုသိထားဖို့က ကြက်သွန်ဖြူစားတာကို ရပ်တန့်လိုက်ဖို့ပါပဲ။